Monday, May 4, 2026

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော်...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ...

ရာသီကုန်ဆုံးသွားချိန်အထိ ဖရဲ-သခွား စျေးကောင်းမရခဲ့

၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး...

မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ မီးပလပ်ခုံအပူလွန်ကဲရာမှမီးလောင်မှုဖြစ် 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ ယနေ့ မေ ၄ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း...
HomeNewsFootballလူငယ်ခြေသစ်များ ကစားနေသည့် Futsal...

လူငယ်ခြေသစ်များ ကစားနေသည့် Futsal Amateur Cup 2024(၁၄)ဂိုးအများဆုံး သွင်းယူနိုင်သည့် အသင်း စတင်ထွက်ပေါ်

လူငယ်ခြေသစ်များ ကစားနေသည့် Futsal Amateur Cup 2024 တွင် (၁၄)ဂိုးအထိ အများဆုံး သွင်းယူနိုင်သည့် အသင်း စတင်ထွက်ပေါ်လာခဲ့သည်။

ယနေ့ ဇွန်(၂၃)ရက်တွင် Champion Team အသင်းနှင့် Team Starboyz FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Champion Team အသင်းက (၁၄)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ယှဉ်ပြိုင်ကစားပြီးသည့် အုပ်စုအဆင့် အမှတ်ပေးဇယားရပ်တည်မှု ရလဒ်များလည်းထွက်ပေါ်ခဲ့ပြီး အုပ်စု (A)တွင် FITHOUSE FC က ရမှတ်(၃)မှတ် သွင်းဂိုးအသာစီးဖြင့် အုပ်စုအဆင့် ပထမ၊ အုပ်စု(B)တွင် FULSAL94 FCက ရမှတ်(၃)မှတ်ဖြင့် သွင်းဂိုးအသာစီးဖြင့် အုပ်စုတွင်း ပထမ နေရာတို့တွင် ရပ်တည်နေပြီဖြစ်သည်။

အလားတူ အုပ်စု(C)တွင် FCT YOUTH FC က ရမှတ် (၃)မှတ် သွင်းဂိုးအသာစီးဖြင့် အုပ်စုတွင်း ပထမ၊ အုပ်စု(D)တွင် GOLD DREAM FC က ရမှတ်(၃)မှတ် သွင်းဂိုးအသာစီးဖြင့် အုပ်စုတွင်း ပထမ၊ အုပ်စု (E)တွင် CHAMPION TEAM က ရမှတ်(၃)မှတ် သွင်းဂိုးအသာစီးဖြင့် အုပ်စုတွင်း ပထမ နေရာတို့တွင် အသီးသီးရပ်တည်နေပြီး မနက်ဖြန် ဇွန်(၂၄)ရက် နံနက်ပိုင်းတွင် အုပ်စုအဆင့် အသင်း (၁၂)တို့ ထပ်မံယှဉ် ပြိုင်ကစားသွားရန် ရှိနေသည်။

အသင်းပေါင်း(၅၀)မှ ကစားသမားပေါင်း (၈၀၀)ဝင်ရောက်ယှဉ်ပြိုင်နေသည့် Futsal Amateur Cup 2024 ပြိုင်ပွဲကို ယမန်နေ့ ဇွန်(၂၂) ကစတင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဇွန် (၂၂)မှ ဇူလိုင် (၈) ရက် အထိလည်းကောင်း၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ဇူလိုင် (၁၀) ရက်မှ (၁၄ )ရက် အထိ လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် (၁၆) ရက်တွင် လည်းကောင်း၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် (၁၈) ရက်တွင် လည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန် အသိပေးနှိုးဆော်

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင် အထူးသတိပြုကာ ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုစနစ်ကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ပြုလုပ်ရန်၊ အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ မငှားရမ်းသုံးစွဲရန်နှင့် လူနှင့် ယာဉ်အဝင်အထွက်ကို ထိန်းချုပ်ကန့်သတ်ရန် လိုအပ်ကြောင်း သိရသည်။ ထို့ပြင် မွေးမြူရေးခြံအတွင်း အပူချိန်၊ စိုထိုင်းဆနှင့် လေဝင်လေထွက် ကောင်းမွန်စေရေး...

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော် တိုးမြှင့်တင်ပို့မည်

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ ည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃)သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ ရော်ဘာတင်ပို့မှုအရ တရုတ်နိုင်ငံသို့ (၇၅) ရာခိုင်နှုန်းခန့် တင်ပို့လျက်ရှိပြီး...

ရာသီကုန်ဆုံးသွားချိန်အထိ ဖရဲ-သခွား စျေးကောင်းမရခဲ့

၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး ယခင်နှစ်များထက် ကုန် ကျစရိတ် အဆပေါင်းများစွာပိုလာကြောင်း သိရသည်။ " ဒီနှစ်ကတော့ပြောရရင် စံချိန်တင်ပဲ။ တော်တော်ကိုရှုံးတယ်။ တရုတ်ကို တင်ပို့တဲ့နေရာမှာလည်း လမ်းခရီးကရှည်တော့ ကုန်ကျစရိတ်ကပိုများတယ်။ စိုက်တဲ့တောင်သူတွေဆိုရင်လည်း သွင်းအားစုစရိတ်တွေကမြင့်နေတာ။ စျေးကောင်းကလုံးဝမရဘူး။ အကုန်အထိနာကုန်တာပေါ့" ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။ ဈေးကွက်စဖွင့်ချိန်၂၀၂၅ခုနှစ် နိုဝင်ဘာလအစတွင် အစီးရေအနည်းငယ်သာ ဈေးကောင်းခဲ့ပြီး ရာသီကုန်ချိန်အထိ အကျဘက်ထိုးဆင်းသွားကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးထုတ်လုပ်ရေးအရင်းအနှီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071