Sunday, June 22, 2025

ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့်...

ယနေ့ ဂျွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2...

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့်...

အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို...

        အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက...
HomeArticlesလူငယ်တွေ မေ့လျော့နေတဲ့ အကြောင်းအရာကို...

လူငယ်တွေ မေ့လျော့နေတဲ့ အကြောင်းအရာကို ပြောပြသူ ဆရာကောင်းသန့်

Untitled-1

 အောင်မြင်မှုဆိုတာ လူသားတိုင်းမက်မော တမ်းတမျှော်မှန်းတဲ့ အရာတစ်ခုပါ။ ဒီလိုမျှော်မှန်းချက်တွေ ရရှိဖို့အတွက်လည်း ပန်းတိုင်တစ် ခုကို ပစ်မှတ်ထား လျှောက်လှမ်းကြရပါတယ်။ တစ်ခါတလေမှာတော့ လူ သားတိုင်း ဘဝခရီးလျှောက်လှမ်းရင်း မေ့လျော့နေကြတာလည်း ရှိနေတတ်ကြပါတယ်။ အဲဒီမေ့နေတတ်တဲ့ အကြောင်းအရာကိုတော့ ဆရာကောင်းသန့်က အခုလို ပြောပြပါတယ်။

“လူငယ်ဘဝမှာ သူတကယ်လုပ်နိုင်တာက သူ့ဘဝလေးကိုသူ အကောင်းဆုံးတည်ဆောက်ဖို့ပဲ။ အချိန်ရှိသမျှ သူအကျိုးရှိရှိ အသုံးချ ဖို့ပဲ။ သို့သော်လည်း ရှင်းနေတာကတော့ အမြတ်လိုချင်အရင်းထည့်ရ မယ်။ အရင်းအနှီးရှိမှ အမြတ်ရတာပဲ။ လူငယ်ဘဝမှာ ပိုက်ဆံလည်း ချမ်းသာတာမဟုတ်ဘူး။ မိဘလည်း မပေးနိုင်ဘူး။ ဒါပေမဲ့ သူ့မှာတကယ် အရင်းအနှီးရှိတာ သူမေ့နေတယ်။ အဲဒါ အဖိုးတန်တဲ့အချိန်ပဲ။ ဘယ် တော့မှ ပြန်မရနိုင်တဲ့အချိန်ပဲ။  အဲဒီတန်ဖိုးကြီးတဲ့ အချိန်ကြီးကို ကိုယ်က ပိုင်ထားတာ။ အဲဒီတန်ဖိုးကြီးတဲ့ အချိန်နဲ့ကိုယ့်ဘဝကို ရင်းနှီးမြှုပ်နှံရမှာ။ အဲဒီလိုရင်းနှီး မြှုပ်နှံလိုက်တော့မှ ကိုယ်က အောင်မြင်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်မှာ။ လူငယ်တွေမေ့နေတာ အဲဒါကို မေ့လျော့နေကြ တာ”လို့ ဆရာကောင်းသန့်က ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဆရာကောင်းသန့်က လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ် ကို ယ်ချစ်တတ်ဖို့လိုသလို အဓိကအရေးကြီးတဲ့ ကျန်းမာရေးဂရုစိုက်မှုလည်း လိုအပ်ကြောင်းကိုတော့….

“ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းက သူများကိုချစ်ခြင်းနဲ့ လည်းညီတယ်။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းက သူများကို ဒုက္ခမပေးခြင်းနဲ့ လည်းတူတယ်။ ကိုယ့်ကိုယ် ကိုယ် မစောင့်ရှောက်လို့ ကိုယ်လဲသွားတယ်။ ဆေးရုံ ရောက်သွားတယ်ဆိုရင် ကိုယ့်မိသားစုအကုန်ဒုက္ခ ရောက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းက သူများကို ဒုက္ခမပေးရာရောက်တယ်။ တကယ်ကတော့ အရေးကြီးတာ အရင်လုပ်ရမယ်။ ဘဝမှာ အရေးကြီး တာ အသက်ရှင်ဖို့ပဲ။ အသက်ရှင်ဖို့အရေးကြီးတာက ကျန်းမာရေးကောင်းဖို့ပဲ။ ဒီခေတ်ထဲမှာ အရင်ခေတ်နဲ့ ကွာခြားသွားတာက ကိုယ့်ကိုသေစေနိုင်တဲ့အစား အသောက်တွေက ကိုယ့်လက်တစ်ကမ်းမှာ ရှိနေ တယ်။ ဆေးဆိုးတဲ့အစားအစာတွေ၊ ဓာတုရောထားတဲ့ အစားအစာတွေ၊ ကိုယ့်လက်တစ်ကမ်းမှာ ရှိနေတယ်။ ဒါတွေမဖြစ်မနေ စားသုံးရင်းနဲ့တောင် ကိုယ့်ကို သေစေနိုင်တာ။ အဲဒီကြားထဲမှာ ကိုယ်ကအရက်တွေ သွားသောက်မယ်။ ကွမ်းယာတွေစားမယ်။ ဆေးလိပ် တွေ သောက်ဦးမယ်ဆို ကိုယ့်ခန္ဓာကိုယ်ကိုပြန်ပြီး နှိပ်စက်သလိုဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ရင်၊ ကိုယ့်ကိုယ် ကိုစောင့်ရှောက်ရမယ်။ ပြန်ခေါ်လို့မရတော့ တဲ့ အချိန်ကြီးရယ်ကို ကိုယ်ပိုင်ဆိုင် နေတာ။ အဲဒီတော့ စာကောင်းပေကောင်းတွေသာ ဖတ်မိမယ်။ အဲဒီက အတွေးအမြင်တွေ သာရမယ်ဆိုရင် လူငယ်တစ်ယောက် ဟာ ဘာမှဖွတ်ကြားဖြစ်စရာမရှိဘူး။ သူ့ဘဝကိုသူ အေးအေးဆေးဆေး တည်ဆောက်ပြီး အောင်မြင်အောင် လုပ်သွားနိုင်မှာပဲ”လို့ ဆရာကောင်းသန့်က အချိန်နဲ့ လူရဲ့တန်ဖိုးအကြောင်းကိုလည်း ထပ်ဆောင်း ပြောပြခဲ့ ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071