Friday, May 1, 2026

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...
HomeMyanmar Theatrical Traditionလူငယ်လူရွှင်တော်တွေအနေနဲ့ ဆရာဂိုဏ်း သမားဂိုဏ်း...

လူငယ်လူရွှင်တော်တွေအနေနဲ့ ဆရာဂိုဏ်း သမားဂိုဏ်း မသင့်ကြပါစေနဲ့လို့ အကြံပြုစကားဆိုတဲ့ လူရွှင်တော် ကောင်းကျော်

အနုပညာလောကမှာ သူငယ်ချင်းဖြစ်သူကိုငြိမ်းချမ်းနဲ့ အတူတူ လက်တွဲလုပ်ကိုင်ခဲ့ရတဲ့ အချိန်ကာလတွေကတော့ ဘယ်လိုမှမေ့လို့မရဘဲ အင်မတန်မှလွမ်းစရာကောင်း ပျော် စရာကောင်းခဲ့တဲ့ကာလတွေပဲလို့ လူရွှင်တော်ကောင်းကျော် က ပြောပါတယ်။

“အခုနောက်ပိုင်းလည်း ကိုငြိမ်းချမ်းနဲ့ ဆုံတဲ့အခါရှိပါ တယ်။ အဲဒီအခါကျရင်လည်း အရင်တုန်းလိုပဲ တစ်သား တည်းဖြစ်ပြီးတော့ တအားပျော်စရာကောင်းပါတယ်”လို့ လူရွှင်တော်ကောင်းကျော်က ပြောပါတယ်။ သူတို့နှစ်ယောက် ကတော့ သူငယ်ချင်းတွေဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ် သက်လို့လည်း တိုင်ပင်ဖြစ်ပြီး အခုအချိန်အထိလည်း အမြဲ တွဲဖြစ်ကြတယ်လို့ သိရပါတယ်။

လူရွှင်တော်ကောင်းကျော်တို့ဆိုတာကတော့ အခုအချိန် မှာ ဝါရင့်လူရွှင်တော်တန်းကိုရောက်ရှိလို့လာခဲ့ပါပြီ။ သူတို့ အနေနဲ့လည်း အနုပညာလောကမှာ လူရွှင်တော်၊ ဟာသ သရုပ်ဆောင်အနေနဲ့ ဖြတ်သန်းလာခဲ့တာ နှစ်ပေါင်းများစွာ လည်းကြာခဲ့ပါပြီ။ ဒါကြောင့်လည်း အတွေ့အကြုံတွေက လည်း များစွာရှိနေပါတယ်။ ဒီအတွေ့အကြုံတွေနဲ့ ယှဉ်ပြီး လူငယ်မျိုးဆက်သစ်လူရွှင်တော်တွေအတွက် အကြံပြုစကား ပြောပေးပါဦးလို့ဆိုတော့ …

“အဟောင်းပျက်ရင် အသစ်လုပ်လို့မရဘူး။ အသစ် ဆိုတာ အဟောင်းကိုမှီငြမ်းရတာကိုး။ အဲဒီတော့ အဟောင်း ကိုလည်းကောင်းအောင်လုပ်ကြပါ။ အသစ်ကိုလည်း ဖန် တီးကြပါ။ ပြီးတော့ ဆရာဂိုဏ်းသမားဂိုဏ်း သင်ဆရာ မြင် ဆရာတွေနဲ့ ကြားဆရာဂိုဏ်းတွေမသင့်စေနဲ့။ ရိုသေပါလေး စားပါ။ လိုအပ်တာရှိရင်မေးပါ။ ကိုယ်တို့ ဖြတ်သန်းခဲ့သ လောက်လေးတော့ အားလုံးမျှဝေကြမှာပါ။ တချို့မျိုးဆက် သစ်လေးတွေကျတော့လည်း အဲဒီအပိုင်းလေးတွေမှာ အား နည်းတာမျိုးလေးတွေတွေ့ရတယ်။ အထူးသဖြင့် ဂိုဏ်းမသင့် ကြပါစေနဲ့။ ဂိုဏ်းကိုလွတ်အောင် ရှောင်ကြပါလို့ မှာချင်ပါ တယ်” ကိုကောင်းကျော်က ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။ နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071