Friday, June 26, 2026

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ အမေရိကန်ဒေါ်လာ ၂...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉ သန်းကျော် (၂,၅၉၅,၉၃၇ ဒသမ ၅၀)...

မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ တည်ရှိသော မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများကို တွေ့မြင်ရခြင်း ဖြစ်သည်။ ယင်း လေးမျက်နှာဘုရားအတွင်းရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွါးတော်လေးဆူကို ဖူးမျှော်ပြီးလျှင် အမိုးခုံးမျက်နှာကြက်များတွင် အပြည့်ရေးဆွဲထားသည့်နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်ခြင်းလည်း...
HomeMoviesလန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်လုပ်ငန်းများ...

လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၄ ရက်က နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနများမှ အရာရှိများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ လက်ရှိအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူက ဘေးကင်းလုံခြုံသော အစားအစာထုတ်လုပ်ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသောက်ကုန်များ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက် တိုးချဲ့ရရှိရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့သည်။

ထို့ပြင် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းရှင်များက မိမိတို့၏ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ခြင်းစီမံကိန်းအရ ဌာန၏ သင်တန်းနည်းပြများ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များကို ဖိတ်ကြားကာ ဆရာဖြစ်သင်တန်း (၂) ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့် အသင်းဝင်လှေပိုင်ရှင်များက လှေစီးဝန်ဆောင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် အပန်းဖြေလှေစီးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လှေစီးခမှာ ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။ ဧရာဝတီမြစ်နှင့် ဆက်စပ်နေသည့် တောင်သမန်အင်းသည် မိုးရာသီအစ ဇွန်လလယ်ခန့်မှစ၍...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ် မှားယွင်းသူများ စာမေးပွဲဖြေဆိုပြီးမှသာ ကိုယ်တိုင်လာရောက်ပြင်ဆင်ရန် MAJA အသိပေး

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ အမည်နှင့် မွေးသက္ကရာဇ် အချက်အလက်များ မှားယွင်းနေသူများအနေဖြင့် စာမေးပွဲဖြေဆိုပြီးချိန်တွင်သာ သတ်မှတ်အထောက်အထားများနှင့်အတူ စာဖြေသူကိုယ်တိုင် လာရောက်ပြင်ဆင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ဟောင်းအသင်း (MAJA) စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထုတ်ပြန်သည်။ အချက်အလက်အမှား ပြင်ဆင်လိုသည့် စာဖြေသူများသည် ဇူလိုင်လ ၅ ရက် စာမေးပွဲနေ့တွင် ဘာသာရပ် (Section) အားလုံး ဖြေဆိုပြီးဆုံးချိန်၌ မိမိဖြေဆိုသည့် စာစစ်ဌာန (Test...

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉ သန်းကျော် ရောင်းချပေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၉ သန်းကျော် (၂,၅၉၅,၉၃၇ ဒသမ ၅၀) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်သည်။ ဗဟိုဘဏ်၏ FX Trading စနစ်အရ နိုင်ငံခြားငွေ ဝယ်ယူရရှိမှုများတွင် ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးဝယ်ယူခဲ့ပြီး စက်သုံးဆီကဏ္ဍက ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍက ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍက ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍက ၁၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071