မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ဧပြီ ၂၇ ရက်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သူ လင်ယောကျာ်းအား ဇနီးဖြစ်သူမှ ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသူနှင့်ပေါင်း၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးအောင်နေမျိုး(၅၀)နှစ်သည် လက်ဖက်ရည်ဆိုင်အိပ်ခန်းအတွင်း ကျည်ထိမှန်ဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း ၎င်း၏ဇနီးဖြစ်သူက ဧပြီ ၂၇ ရက်နံနက် ၁၁ နာရီခန့်က ဖုန်းဆက်အကြောင်း ကြား၍ လုံခြုံရေးအဖွဲ့ဝင်များကသွားရောက်စစ် ဆေးခဲ့ကြကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် အမှတ် (၇)နယ်မြေရဲစခန်းက (ပ)၅၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သေဆုံးသူ၏ဇနီးအားစစ်ဆေးရာ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့်နာကျဥ်းချက်ဖြင့် ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် သူနှင့်ပေါင်းကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရကာထိုသူနေထိုင်သည့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အုက်စက်ရပ်၊ အကွက်(၁၃)ရှိ အဆောင်အခန်းအတွင်းမှ SIGSAUER 9 mm ပစ္စတို (၁)လက်၊ ကျည်အိမ်(၂)ခု၊ ၎င်းကျည်(၂၈)တောင့်နှင့် Scoopy ဆိုင်ကယ်(၁)စီးတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြစ်မှုကျူးလွန်ပြီး ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျုံဝါးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံကို ယနေ့ မေ ၁ ရက်နံနက်ပိုင်းတွင်ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရအ ရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။