Friday, May 16, 2025

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ...

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham...

ဩစတြေးလျက အင်ဒိုနှင့် စီးပွားရေး၊ ကာကွယ်ရေးဆက်ဆံမှုများ...

မေ ၁၅ သြစတြေးလျ၏ အသစ်ပြန်လည်ရွေးကောက်ခံရသော ၀န်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီးစ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့်ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး၊  ၎င်း၏အနီးနားအိမ်နီးချင်းနိုင်ငံနှင့် စီးပွားရေး၊...

လာအို၌ စိတ်ကြွဆေးပြား ၁၀ သန်းသိမ်းဆည်းရမိ

ဗီယင်ကျန်း၊မေ ၁၅ လာအိုနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံမြောက်ပိုင်း၌ မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာ စိတ်ကြွဆေးပြား ၁၀ သန်းကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါစိတ်ကြွဆေးပြားများအား ဗီယင်ကျန်းမြို့၏အနောက်မြောက်ဘက် ၃၅၀ ကီလိုမီတာအကွာရှိ ဘိုခဲခရိုင်တွင်...
HomeNewsLocal Newsရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသည်ဝင်၊ထွက်မှု ဆက်တိုက်မြင့်တက်နေရာ...

ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသည်ဝင်၊ထွက်မှု ဆက်တိုက်မြင့်တက်နေရာ ​နေ့စဥ် သုံးထောင်​ကျော် ဝင်ထွက်လျှက်ရှိ

(၂)နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် မူဆယ်-ရွှေလီနယ်စပ်ဂိတ် ပြန်လည်ဖွင့်ခဲ့ပြီး တစ်လအကြာတွင်  ရွှေလီနယ်စပ်ဂိတ်မှ ခရီးသည် ဝင်/ထွက်သွားလာမှု ဆက်တိုက်မြင့်တက်နေကြောင်း တရုတ်သံရုံးက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါကြေညာချက်တွင် တစ်ရက်အတွင်း အဝင်/အထွက်ခရီးသည် အများဆုံး (၃၅၀၃) ဦး ရှိခဲ့ပြီး ယခုအခါ ဝင်/ထွက်သွားလာခဲ့သည့် ခရီးသည်အရေအတွက်ဦးရေသည် (၆) သောင်းကျော် ရှိလာပြီဖြစ်ကြောင်းသိရသည်။

“ အခုဆိုရင် ပြည်ဝင်တဲ့အခါ ၄၈ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် မရှိကြောင်း စစ်ဆေးမှုရလဒ်နဲ့ သက်တမ်းရှိ ပြည်ဝင်ပြည်ထွက်လက်မှတ် ကိုင်ဆောင်ထားဖို့ပဲလိုပါတယ်။ အသွားအပြန်လုပ်ရတာ အရမ်းအဆင်ပြေတယ်”ဟု မြန်မာနိုင်ငံသား နိုင်ငံခြားကုန်သွယ်ရေးလုပ်ကိုင်သူ ကုန်သည်တစ်ဦး ဦးမောင်ဝင်းက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကုန်ပိုင်းကစပြီး ပိတ်ထားခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ စီမံခန့်ခွဲရေး အဆင့်သတ်မှတ်ချက်ဖြစ်သည့် A က B ကို လျှော့ချပြီးတဲ့နောက် နှစ်နိုင်ငံကူးသန်းသွားလာခွင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်လည်း တရုတ်- မြန်မာနယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ ခရီးသည်များ ဂိတ်ဖြတ်သန်းသွားလာမှုကို အပြည့်အဝ ပြန်လည်စတင်ခဲ့ကြောင်း တရုတ်သံရုံးက အသိပေးထုတ်ပြန်ကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ ၁ နာရီမထိုးမီတွင် ထိုင်း F-16 တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်က သောကြာနေ့က FB တွင်ရေးသားထားသည်။ Ref:Khalid

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် တရုတ်နှင့် အမေရိကန်ကြား ဟန်ချက်ညီရန် လိုအပ်သည့် နိုင်ငံငယ်လေးဖြစ်သောကြောင့် ယင်းကိစ္စကို သေသေချာချာ စဉ်းစားရမည်ဖြစ်ကြောင်း Phumtham က ဆက်လက်ပြောသည်။ ထိုင်းနိုင်ငံအတွက် တရုတ်ရေငုပ်သင်္ဘောများတွင် ဂျာမန်အင်ဂျင်များဖြင့် တပ်ဆင်မပေးနိုင်ကြောင်းဂျာမနီက မကြာသေးမီက တရားဝင်အတည်ပြုချက် ထွက်ပေါ်လာပြီးနောက်ယခုကဲ့သို့ အသံများထွက်လာခြင်းဖြစ်သည်။ ဂျာမနီသည် EU နှင့် NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး...

ဩစတြေးလျက အင်ဒိုနှင့် စီးပွားရေး၊ ကာကွယ်ရေးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်း

မေ ၁၅ သြစတြေးလျ၏ အသစ်ပြန်လည်ရွေးကောက်ခံရသော ၀န်ကြီးချုပ် အန်သိုနီ အယ်လ်ဘနီးစ်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို နှင့်ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး၊  ၎င်း၏အနီးနားအိမ်နီးချင်းနိုင်ငံနှင့် စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ခိုင်မာစေရန် ရည်ရွယ်၍ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အယ်လ်ဘနီးစ်သည် မေလ ၃ ရက် ရွေးကောက်ပွဲတွင် ထူးထူးခြားခြား အနိုင်ရရှိပြီးနောက် ၎င်း၏အစိုးရသစ်၏ ဒုတိယသုံးနှစ်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မြို့တော် ဂျကာတာသို့ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။ “သြစတေးလျအတွက် အင်ဒိုနီးရှားနဲ့ ဆက်ဆံရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် အင်ဒိုနီးရှားကို လာရခြင်းဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားသမ္မတပရာဘိုဝို ဆူဘီယန်တိုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071