Friday, July 4, 2025

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင်...

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား...

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း...

ငလျင်ဒဏ်ခံခဲ့ရသည့် ကျိုက်လတ်ချောင်စေတီနှင့် တိလောကဂုရု လှိုဏ်ဂူတော်တို့ကို...

ငလျင်ဒဏ်ခံခဲ့ရသည့် ပင်းယခေတ်နံရံပန်းချီရှိသည့် ကျိုက်လတ်ချောင် စေတီနှင့် ညောင်ရမ်းခေတ်နံရံပန်းချီများရှိရာ တိလောကဂုရု လှိုဏ်ဂူတော်တို့ကို ပြန်လည်ပြုပြင် ထိန်းသိမ်းပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။ ထိုစေတီ နှစ်ဆူကို နှလုံးသားထဲကပုဂံအဖွဲ့က...
HomeNewsLocal Newsရွှေဘိုမြို့ စက်မှုဇုန်ရပ်ရှိ အမှုန့်ကြိတ်စက်တစ်ခုတွင်...

ရွှေဘိုမြို့ စက်မှုဇုန်ရပ်ရှိ အမှုန့်ကြိတ်စက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရပ်ရှိ အမှုန့်ကြိတ်စက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဒီဇင်ဘာ (၂၈)ရက် နံနက် (၁၁)နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ရေသယ်ယာဉ် (၂) စီး၊ စက်မှုဇုန် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အမှတ်(၁၀)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၁၁)နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင် စံချိန်တင် မိုးရွာသွန်းနိုင်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့တွင် ၈.၁၅ လက်မ၊ ဟုမ္မလင်းမြို့တွင် ၃.၃၉ လက်မအထိ ရွာသွန်းမည်ဖြစ်ပြီး၊ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့တွင် ၇.၃၇ လက်မအထိ ရှိနိုင်ကြောင်း ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်း မြို့များဖြစ်သည့် တာမိုးညဲတွင် ၃.၆၂ လက်မ၊ မိုင်းဖြတ်တွင် ၃.၄၈ လက်မနှင့် တာချီလိတ်မြို့တွင် ၂.၅ လက်မအထိ မိုးရေချိန်ရှိမည်ဖြစ်ကာ၊ ရခိုင်ပြည်နယ်...

ငလျင်ဒဏ်သင့် လူကယ်ပြန်ဝန်ထမ်းများအတွက် ကျပ်သိန်း(၅၀၀)လှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီးဒဏ်သင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန် ထမ်းများအတွက် ကျပ်သိန်း(၅၀၀)ကို ဇူလိုင် ၃ ရက်က လှူဒါန်းခဲ့သည်။ အဆိုပါ ကျပ်သိန်း(၅၀၀)လှူဒါန်းမှုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ဘားအံတွင် ခရီးသွားများပြားလာခြင်းနှင့်အတူ အမှိုက်ပြဿနာလည်း များလာ

ပြည်တွင်းခရီးသွားများအကြား မိုးရာသီ၌ ဘားအံမြို့ကို လည်ပတ်သူများလာကာ ဘားအံမြို့ရှိ တောင်များကို တက်ရောက်သူများလည်း များပြားလာသည်။ ထို့ကြောင့် ခရီးသွားများတက်ရောက်လေ့ရှိသည့် တောင်ဝိုင်းတောင်တွင် စနစ်တကျ စွန့်ပစ်ထားခြင်းမရှိသည့် စွန့်ပစ်အမှိုက်များကိုလည်း အများအပြားတွေ့မြင်လာရကြောင်း တောက်တက်သူအချင်းချင်းကပင် အသိပေးနေကြသည်။ “မြို့တစ်မြို့ကို အလည်သွားတော့မယ်ဆိုရင် အပျော်နဲ့သွားလည်ခြင်းမဟုတ်ပဲ ဒီမြို့ကိုချစ်မြတ်နိုးတဲ့ စိတ်ကြောင့် သွားလည်ခြင်း ဖြစ်စေချင်တယ်။ အမှိုက်များကို စနစ်တကျစွန့်ပစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ” ဟု ပြည်တွင်း တောင်တက်ခရီးသွားသူတစ်ဦးက တောင်ဝိုင်းတောင်ရှိ စွန့်ပစ်အမှိုက်များကို ပြသရင်း မေတ္တာရပ်ခံထားသည်။ ထိုနည်းတူ ဘားအံမြိူ့ရှိ ဇွဲကပင်တောင်၊ ကော့ကသောင်တောင်၊ မိဇံတောင်တို့တွင်လည်း ပလပ်စတစ်အမှိုက်များ များပြားနေသည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071