Thursday, May 15, 2025

MH17 လေယာဉ်ကိစ္စလွတ်လပ်စွာ စုံစမ်းစစ်ဆေး‌ရေးကိုကူညီရန် ရုရှားအသင့်ရှိ–အန်ဝါ

မလေးရှားလေကြောင်းလိုင်း၏ MH17 လေယာဉ်ပစ်ချခံရမှုတွင် ရုရှား၌တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လေကြောင်းဆိုင်ရာကောင်စီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရာတွင် ရုရှားနိုင်ငံက ကူညီရန်အသင့်ရှိနေသည်ဟု...

တကျော့ပြန် ရွေးကောက်ခံ သြဇီဝန်ကြီးချုပ်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ်...

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်သည် မေလ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ရက်ရှည်ခရီးစဉ်မျိုးမဟုတ်ဘဲ မစ္စတာ...

ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများကို...

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ ပျ-က်စီးခဲ့သည့်အတွက် ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။ မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ...

ငလျင်ဒဏ်သင့် အင်းလေးဒေသမှအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို...

မန္တလေးငလျင်ကြီးဒဏ်သင့် ရှမ်းပြည်နယ်၊ အင်းလေးဒေသရှိ အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၃ ရက်နှင့် ၁၄ ရက်တို့ကပေးဝေခဲ့ကြောင်း သိရသည်။ ညောင်ရွှေမြို့နယ်၊...
HomeNewsLocal Newsရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး...

ရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး ဗုံးပေါက်ကွဲ၊ လူ (၄) ဦးထက်မနည်း ဒဏ်ရာရ

ရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး ဗုံးပေါက်ကွဲ၊ လူ (၄) ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်း ဒေသကြီး ၊ ရွှေပြည်သာမြို့နယ် ၊ (၁၁) ရပ် ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အုပ် ချုပ်ရေးအဖွဲ့ဝင်များ အပါအဝင် အနည်းဆုံး လူ(၄) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ (၁၅) ရက် ညနေ (၄) နာရီခွဲ ဝန်းကျင်က ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်၊ ဘုရင့်နောင် လမ်းပေါ်ရှိ ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပိုင့်ဆောင်ခဲ့ကြောင်း သိရသည်။

” ၄ ယောက်လောက်အနည်းဆုံး ထိသွားတယ်။ သေကုန်သလားတော့ မသိဘူး။ အသံကအကျယ်ကြီးပဲ။ နားတွေတောင် အူတယ်။ လူနာတင် ယာဉ်နဲ့ အရေးပေါ် သယ်သွားတာပဲ” ဟု အနီးပတ်ဝန်းကျင်မှ ပြည်သူ တစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နေ့လယ်ပိုင်းမှ စတင်၍ ဧည့်စာရင်းတိုင်းခြင်းကို နေ့စဉ်‌လုပ်ဆောင်ပေးနေရာ ရပ်ကွက်အတွင်းမှ ပြည်သူအများစုက စီတန်း၍ ဧည့်စာရင်းတိုင်ခြင်းများ လုပ်ဆောင်လျက်ရှိချိန် ယခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယနေ့ညနေ ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် မဲစာရင်းစစ်ဆေးသူများလည်း အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍ မရကြောင်းလည်း အနီးပတ်ဝန်းကျမှ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

” ဧည့်စာရင်း တိုင်ဖို့ ဆယ်အိမ်မှူးတွေ ၊ ရာအိမ်မှူးတွေ ၊ လေးငါးယောက်နဲ့ အုပ်ချုပ်ရေးမှူးက အပြင်မှာ အမြဲတမ်း ခုံနဲ့ထိုင်ပြီး နေနေတာ။ အခုပေါက်တဲ့အချိန် ရုံးထဲမှာ မဲစာရင်း စစ်တဲ့ လူတွေလည်း ရှိတယ်လို့ပြောတယ်။ ဘယ်သူတွေ ထိမှန်းမသိဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။

လက်ရှိတွင် အဆိုပါ အုပ်ချုပ်ရေးမှူးရုံးသို့ စစ်တပ်နှင့် ရဲ အင်အား အများအပြားဖြင့် ရောက်ရှိကာ လမ်းပိတ်ဆို့၍ လမ်းသွားလမ်းလာ ဆိုင်ကယ်များနှင့် ကားများကိုပါ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MH17 လေယာဉ်ကိစ္စလွတ်လပ်စွာ စုံစမ်းစစ်ဆေး‌ရေးကိုကူညီရန် ရုရှားအသင့်ရှိ–အန်ဝါ

မလေးရှားလေကြောင်းလိုင်း၏ MH17 လေယာဉ်ပစ်ချခံရမှုတွင် ရုရှား၌တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လေကြောင်းဆိုင်ရာကောင်စီက ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရာတွင် ရုရှားနိုင်ငံက ကူညီရန်အသင့်ရှိနေသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကင်းသော စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အခိုင်အမာ ပြောကြားခဲ့သည်ဟု အန်ဝါက ဆိုသည်။ “ပိုမိုယုံကြည်စိတ်ချရတဲ့ ဒါမှမဟုတ် ပိုမိုခိုင်လုံသေချာတဲ့ အစီရင်ခံခစာရရှိဖို့အတွက် လိုအပ်တာ အားလုံးကို ပူးပေါင်းဆောင်ရွက်သွားဖို့ ရုရှားက အသင့်ရှိနေပါတယ်” ဟု မော်စကိုသို့ အလည်အပတ်ရောက်ရှိနေသော...

တကျော့ပြန် ရွေးကောက်ခံ သြဇီဝန်ကြီးချုပ်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားကိုရောက်ရှိ

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်သည် မေလ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ရက်ရှည်ခရီးစဉ်မျိုးမဟုတ်ဘဲ မစ္စတာ အယ်လ်ဘာနီးစ်သည် ဂျကာတာတွင် တစ်ရက်သာ နေထိုင်မည်ဖြစ်ကာ ယင်းနောက် ပုပ်ရဟန်းမင်းကြီးအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ရောမမြို့သို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံကို သူ၏ပထမဆုံးခရီးစဉ်အဖြစ် ရွေးချယ်ခြင်းဖြင့် မစ္စတာ အယ်လ်ဘာနီးစ်သည် သူ၏ ဒုတိယသက်တမ်းအတွက် နိုင်ငံခြားရေးရာမူဝါဒ ဦးစားပေးမှုအကြောင်းကို ရှင်းလင်းစွာအချက်ပြနေသည်ကို ခန့်မှန်း၍ ရနိုင်သည်။ ထို့အပြင် နိုင်ငံခြားရေးဆိုင်ရာ အဓိကဆုံးဖြတ်ချက်များကို ယခင်သမ္မတ ဂျိုကိုဝီဒိုဒိုထက်...

ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများကို ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်မည်

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ ပျ-က်စီးခဲ့သည့်အတွက် ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။ မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ (၆၀) ရာခိုင်နှုန်း ပျ-က်စီးခဲ့သည့်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်သည်။ အင်းဝမြို့ဟောင်းတွင် ရှေးဟောင်းအဆောက်အဦးပေါင်း (၉၆၁)ခုရှိသည့်အနက် ငလျင်ကြောင့် (၆၀၀) ဝန်းကျင်ခန့်ပျ-က်စီးသွားခဲ့ခြင်းဖြစ်ပြီး ငလျင်မလှုပ်မီ ပြုပြင်ထိန်းသိမ်းနေသည့် ရှေးဟောင်းအဆောက်အဦးများလည်း ပြိုကျပျ-က်စီးသွားခဲ့ကြောင်း သိရသည်။ ယခုအခါ မူလအလှူရှင်များကို ကနဦးဆက်သွယ်ထားပြီး ၎င်းတို့မလှူနိုင်ပါက နောက်အလှူရှင်ကို ဆက်သွယ်မည်ဖြစ်ကာ ယင်းအပြင်နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် တင်ပြထားကြောင်းလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071