Home Movies ရွေးကောက်ပွဲပျက်ပြားစေရန် ကျုးလွန်သူများကို အရေးယူဆောင်ရွက်မှု (၁၄၀) ရှိပြီး တရားခံ (၂၂၉) ဦး အရေးယူထား

ရွေးကောက်ပွဲပျက်ပြားစေရန် ကျုးလွန်သူများကို အရေးယူဆောင်ရွက်မှု (၁၄၀) ရှိပြီး တရားခံ (၂၂၉) ဦး အရေးယူထား

0
84

ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ပြော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျုးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်နေပြီး ဒီဇင်ဘာ(၁၅)ရက်နေ့အထိ အမှု(၁၄၀) ရှိပြီး စုစုပေါင်း တရားခံ (၂၂၉)ဦးကို အရေးယူးထားကြောင်း ယမန်နေ့က ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှ သိရသည်။ ပြည်ထောင်စုနယ်မြေ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တာဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားခံ အမျိုးသား (၂၀၁)ဦး၊ အမျိုးသမီး(၂၈)ဦး စုစုပေါင်း (၂၂၉)ဦးကို အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုပြင် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်သော လှုံဆော်မှုများ၊ဝါဒဖြန့်မှုများ ကျုးလွန်နေသူများကို စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူသွားရန် လိုအပ်ကြောင်းလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။ ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်လည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here