Wednesday, August 12, 2026

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့်...

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာ သာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ် ၁၁ ရက်တွင် မော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ...

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်း...

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း...

အမရပူရမြို့နယ်မှ ရေဘေးသင့်သူ(၂)ထောင်ဦးခန့်အား ထောက်ပံ့ပစ္စည်းများပေး

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာ(၁၄)ရွာအတွင်းရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်လျက်ရှိ၍ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာ အုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊...
HomeCelebrities' Newsရွင္သာမေဏ ၃ ပါး...

ရှင်သာမဏေ ၃ ပါး အတွက် တစ်သက်တာ သာသနာ့ဒါယိကာမအဖြစ်ပစ္စည်းလေးပါး လှူဒါန်းသွားမယ့်ပိုပို


ဆံပင်ကာလာ ပြောင်းလိုက်တဲ့ အခါ ချစ်ကြတဲ့ပရိသတ်တွေလည်း ရှိသလို ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဝေဖန်ကြသူတွေလည်း ပိုပို့မှာ ရှိတယ်။ တကယ်တော့ သူက အနုပညာရှင်တစ်ယောက် ဖြစ်တယ်။ သူ့ မှာ သူ့လုပ်ပိုင်ခွင့်ရှိပြီးသား။ အမှန် တကယ်လည်း ပိုပို့မျက်နှာ ဖြူဖြူဝင်း ဝင်းလေးနဲ့ ဆံပင်ကာလာဒီဇိုင်းနဲ့ တစ်မျိုးလေး လှနေပါတယ်။ အဓိက ပြောချင်တာက ဆံပင်အရောင်တွေ ပြောင်း၊ ခေတ်ပေါ် စတိုင်တွေ ဝတ်တိုင်းလည်း ပေါပေါပဲပဲဖြစ်နေသူ တွေထဲမှာ ပိုပိုမပါပါဘူး။ သူက ဘာသာတရား ရိုသေကိုင်းရှိုင်းတယ်။ ကုသိုလ်ကောင်းမှု မပြုတဲ့နေ့ရယ် လို့ မရှိသလောက်ပဲ။ အခုလည်း ‘Masterpiece’ MV ထွက်ပြီး နောက်တစ် ရက်မှာပဲ မယ်လမုစေတီတော်မြတ်ကြီးမှာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူတယ်။ အောင်ခြင်းရှစ်ပါးရုပ်ပွားတော်ကြီးကို ရောင်တော် ဖွင့်တယ်။ အမာခံပရိသတ်တွေနဲ့ အတူတူပေါ့။ ‘Masterpiece’ MV မုံရွာ၊ မန္တလေးပရိုမိုးရှင်းပွဲ ပြီးသွားရင်တော့ မှော်ဘီကဘုန်းတော် ကြီးကျောင်းမှာ သွားရောက်လှူဒါန်းဦးမယ်လို့ ပိုပိုက ပြောပါတယ်။


”မှော်ဘီကို ပိုပိုက ရက်ကြိုချိတ် ရဦးမယ်လေ။ အလှူရှင်တွေက များ တော့ ချက်ချင်းတော့မရလောက်ဘူး။ ချိတ်ပြီးတာနဲ့ မှော်ဘီက ဘုန်းကြီးကျောင်းမှာ သွားလှူမယ်” လို့ သူကဆိုပါတယ်။ ရှင်သာမ ဏေ ၃ ပါးကို သာသနာ့ဒါယိကာမအဖြစ်လည်း ပစ္စည်းလေးပါး ထောက်ပံ့ဦးမယ်ဆို တဲ့ ပိုပို့ရဲ့ အဖြေစကားက ဖျားသွားပါမယ်။ သူ့ရဲ့ လေ့လာမှုတွေက သူ့ရဲ့ အပြောမှာ ပေါ်လွင်လို့နေပါတယ်။


”ပိုပိုက သာသနာပြုချင်တယ်၊ သာသနာပြုချင်တယ်ဆိုပြီး အမြဲ ဆုတောင်းတယ်။ သာသနာပြုတယ်ဆိုတာ ဘယ်လိုလဲ။ ဘုရားကျောင်း ကန်စေတီတွေ တည်နေတာဟာ သာသနာပြုနေတာမဟုတ်သေးဘူး။ သာသနာမှာ ပျော်မွေ့ပြီး ပရိယတ္တိကို သင်ကြားနေကြတဲ့ သာသနာ့အာဇာ နည်ကိုရင်လေးတွေကို ပိုပိုက တစ်သက်တာ သာသနာ့ဒါယိကာမလုပ် ချင်တယ်။ ဘုန်းဘုန်းက ပြောတာပေါ့နော်။ ကိုယ့်ရဲ့ရင်မှဖြစ်စေ၊ ဒါမှ မဟုတ် တခြားသူတစ်ယောက်ပေါ့။ အဲဒီကလေးတစ်ယောက်ကို သာသ နာ့ဘောင်ကို သွတ်သွင်းပြီးတော့ ပစ္စည်းလေးပါး ဒါယကာလုပ်ခြင်း အားဖြင့် သာသနာပြုတာပါတဲ့။ အဲဒီတော့ ပိုပိုက စဉ်းစားတယ်။ ဘုန်း ဘုန်းဘုရား၊ တပည့်တော်တတ်နိုင်သရွေ့ ရှင်သာမဏေတစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေပေါ့။ သုံးပါးလောက်အထိတော့ ပိုပိုစဉ်းစားထားပါတယ်။ ပရိသတ်တွေဆီကနေ ရတဲ့အနုပညာကြေးတွေပေါ့။ ပိုပိုတစ်ယောက်တည်း သုံးမှာ မဟုတ်ဘူး။ ကြည်သာအေးမြဆရာတော်ကြီးက ရှာပေးပါမယ်တဲ့။ ကိုရင်ဘဝကနေ ရဟန်းဘဝအထိ ပစ္စည်းလေးပါးဒါယိကာမလုပ်ချင်ပါ တယ်လို့ လျှောက်ထားပါတယ်။ အဲဒီလိုနည်းနဲ့လည်း သာသနာပြုမယ်” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း၊ မင်းမင်းထွန်း

Ads Space Available


Continue reading

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့် သု တေသနဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာ သာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ် ၁၁ ရက်တွင် မော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်ကို နှစ်ဘက်အဖွဲ့အစည်းများကြား ဗုဒ္ဓဘာသာစာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ပညာရပ်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အပြန်အ လှန်နားလည်မှုတိုးတက်စေရန်တို့ ရည်ရွယ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ သဘောတူညီချက်အရ ဗုဒ္ဓဘာသာ ဒဿနိကဗေဒ၊ သ မိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ သင်ကြားရေးဆ ရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများအပြန်အလှန်...

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်း ကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲမည်

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်းပြီးဖြစ်ရာ ကျန်ရှိနေသော ကောင်းကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲခင်း ကျင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ တော်စည်ပင် လမ်းနှင့် တံတားဌာနဌာနမှူးဦးလင်းခိုင်၏ ပြောကြားချက်အရ သိရသည်။ ၎င်းက သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းတွင်ကျင်းပသည့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအ တွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ လျှပ် စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ဆက်သွယ်ရေးကေဘယ်ကြိုးများ ဆက်လက်ရှင်းလင်းရေးဆိုင်ရာ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးစဥ် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆ဝ)ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071