Thursday, June 25, 2026

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁...

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း...

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး...

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....
HomeMoviesရုရှား GAZ Group...

ရုရှား GAZ Group က ဖနောင်ပင် မော်တော်ယာဉ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ရုရှားနိုင်ငံ၏ အကြီးဆုံး ကူးသန်းရောင်းဝယ်ရေးယာဉ် ထုတ်လုပ်သူနှင့် တင်ပို့သူများအနက်တစ်ခုဖြစ်သည့် GAZ Group သည် လျင်မြန်စွာ တိုးတက်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေရန် အထူးစိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်း ကဲ့သို့ စိတ်ဝင်စားမှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာအပေါ် နိုင်ငံတကာ၏ ယုံကြည်မှု ပိုမိုမြင့်မားလာခြင်းကို ပြသနေပေသည်။

ဇွန်လ ၁၈ ရက်က ရုရှားနိုင်ငံ ကာဇန်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံ-ရုရှား ဆက်ဆံရေး ၃၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ၏ပြင်ပ တွင် GAZ Group ၏ ပို့ကုန်ဆိုင်ရာ ဒါရိုက်တာ ဒိုဂေါ့ဗ် လီယိုနစ် နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် တို့  တွေ့ဆုံဆွေးနွေး ကြရာတွင် ယခုကဲ့သို့ စိတ်ဝင်စားမှုကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် လီယိုနစ်က GAZ Group ၏ လုပ်ငန်းလည်ပတ်မှုများနှင့် နိုင်ငံတကာသို့ ဖြန့်ကြက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍတွင် ကုမ္ပဏီ၏ ကျယ်ပြန့်သော အတွေ့အကြုံများကို အလေးပေး တင်ပြခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရုရှားနိုင်ငံအနောက်ပိုင်း နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ်တွင် ရုံးချုပ်စိုက်ထားသည့် GAZ Group သည် မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာတွင် ဆယ်စုနှစ် ၉ ခုနီးပါး အတွေ့အကြုံရှိသော ကုမ္ပဏီဖြစ်သည်။

လီယိုနစ်၏ ပြောကြားချက်အရ အဆိုပါ ကုမ္ပဏီသည် ရုရှားနိုင်ငံရှိ ဒေသ ၈ ခုတွင် ကုန်ထုတ်လုပ်မှုစက်ရုံ ၁၅ ခု လည်ပတ်နေပြီး အရောင်းကိုယ်စားလှယ် ၂၄၀ ရှိသည့် ကွန်ရက်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ထုတ်ကုန်များ တင်ပို့လျက်ရှိသည်။

၎င်းတို့၏ ထုတ်ကုန်များတွင် အပေါ့စားနှင့် အလတ်စား ကူးသန်းရောင်းဝယ်ရေးယာဉ်များ၊ အလတ်စား ကုန်တင်ကားများ၊ ဘတ်စ်ကားများ၊ လူနာတင်ယာဉ်များ၊ မော်တော်ယာဉ်အင်ဂျင်များ၊ အပိုပစ္စည်းများနှင့် စက်မှုလုပ်ငန်းနှင့် အများပြည်သူဝန်ဆောင်မှု ကဏ္ဍအသီးသီးအတွက် အထူးဒီဇိုင်းထုတ်ထားသည့် အထူးပြုယာဉ် အမျိုးအစားပေါင်း ၅၀၀ ကျော် ပါဝင်သည်။

GAZ Group အနေဖြင့် အာဆီယံဈေးကွက် အချို့တွင် အခြေစိုက်ထားပြီးဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုကောင်းမွန်လာသော စီးပွားရေးပတ်ဝန်းကျင်နှင့် ဒေသတွင်း မဟာဗျူဟာမြောက် တည်နေရာတို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံကို ရှေ့လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုအဖြစ် ရှုမြင်ကြောင်း လီယိုနစ်က ဆိုသည်။

“ကျွန်တော်တို့ အာဆီယံဒေသတွင်းမှာ အခြေစိုက်ထားပြီးဖြစ်တာရယ်၊ ကမ္ဘောဒီးယားရဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စီးပွားရေး တိုးတက်မှု အခြေအနေတွေကြောင့် ဒီနိုင်ငံရဲ့ မော်တော်ယာဉ်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အလားအလာကောင်းတွေ ရှိနေတာကို တွေ့ရပါတယ်” ဟု လီယိုနစ်က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယင်းအပေါ် ဝန်ကြီးချုပ် ဟွန်မာနက်က ကုမ္ပဏီ၏ စိတ်ဝင်စားမှုကို ကြိုဆိုခဲ့ပြီး၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မူဝါဒဆိုင်ရာ မက်လုံးများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် လုပ်ထုံးလုပ်နည်းများစွာဖြင့် ပံ့ပိုးကူညီသွားရန် ကတိပြုထားကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။

အစိုးရအနေဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကဏ္ဍစုံ ပျိုးထောင်ရေးနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များအတွင်း ပါဝင်ချိတ်ဆက်ရေးတို့ကို ဆက်လက် ဦးစားပေးလုပ်ဆောင်နေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က GAZ Group အနေဖြင့် အရှေ့တောင်အာရှတွင် ရှိနှင့်ပြီးသား ၎င်းတို့၏ ကုန်ထုတ်လုပ်မှုကွန်ရက်ကို ပံ့ပိုးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ‘Plus 1 Strategy’ မူဝါဒမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများကို မီးမောင်းထိုးပြခဲ့ပြီး၊ အဆိုပါ မူဝါဒသည် ထုတ်လုပ်သူများအနေဖြင့် ဒေသတွင်းရှိ နေရာအမြောက်အမြားတွင် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်လုပ်ငန်းများကို တိုးချဲ့ပြီး ကဏ္ဍစုံ ဖော်ဆောင်နိုင်ရန် အားပေးထားခြင်း ဖြစ်သည်။

ထို့အပြင် မစ္စတာ ဟွန်မာနက်က အဆိုပါ ရုရှားမော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ တိုးတက်နေသော မော်တော်ယာဉ်လုပ်ငန်းကဏ္ဍမှ ထွက်ပေါ်လာမည့် အခွင့်အလမ်းများကို အသုံးချကာ သင့်လျော်သော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဖော်ထုတ်နိုင်ရန်အတွက် သက်ဆိုင်ရာ ကမ္ဘောဒီးယားဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။

Ref ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြန်လည်ရောက်ရှိ

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့် 2 nd International Forum of the Union State "Great Heritage- Common Future"တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဇွန် ၂၄ ရက်ည ၈ နာရီတွင် ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ USDP ပါတီမှတာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ဘယ်လာရုစ်နိုင်ငံရောက်ရှိနေသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁ လက်မကျော်နေ၊

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊ နောက် ၁ ရက်အတွင်း စိုး ရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်၂၅ရက် နံနက်ပိုင်းတွင် အသိပေးထားသည်။ အသိပေးချက်အရ နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်ထက် ပေဝက်ကျော် (၆ လက်မကျော်)အထိ မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေမည်ဟုဆိုထား...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဉီးမျိုးသန့် တိုက်တွန်း

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကို ဇွန် ၂၄ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် နိုင်ငံပိုင်ရုံးအဆောက်အဦးများ၊ အထူးအဆောက်အဦးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးစေရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071