Home International ရုရှားနှင့် တရုတ်ဝန်ကြီးများ လုံခြုံရေးကိစ္စ ဆွေးနွေးမည်

ရုရှားနှင့် တရုတ်ဝန်ကြီးများ လုံခြုံရေးကိစ္စ ဆွေးနွေးမည်

0
74

ရုရားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူသည် တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီကို ကိုးကား၍ ရုရှားသတင်းဌာနများက တနင်္ဂနွေနေ့တွင် ရေးသားဖော်ပြခဲ့ကြသည်။

နှစ်ဖက်စလုံးသည် နိုင်ငံတကာနှင့် ဒေသဆိုင်ရာလုံခြုံရေးနယ်ပယ်တွင် ပြောင်းလဲနေသောအခြေအနေကို ဆွေးနွေးသွားကြမည်ဟု လုံခြုံရေးကောင်စီကို ကိုးကား၍ အင်တာဖက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။

ဤခရီးစဉ်သည် ရုရှားနှင့် ယူကရိန်းတို့အကြား လေးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သည့် ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သော ရုရှား၊ ယူကရိန်းနှင့် အမေရိကန်အရာရှိများ၏ မကြာသေးမီက ဆွေးနွေးမှုများနှင့် တိုက်ဆိုင်နေသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here