ရုရှားနိုင်ငံသမ္မတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပမည့် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် မကြာမီ ရက်ပိုင်းအတွင်း၌ ရုရှားနိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်သည်။
ခရီးစဥ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကိုတက်ရောက်သွားမည်ဖြစ်ကာ အခမ်းအနားတက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။
နစက ဥက္ကဋ္ဌသည် ရုရှားနိုင်ငံသို့သွားရောက်မည့်ချစ်ကြည်ရေးခရီးစဥ်အတွင်း နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အတူ နစက ဥက္ကဋ္ဌ၏ဇနီးမှလည်း ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ နစက ဥက္ကဋ္ဌနှင့်အတူ ရုရှားနိုင်ငံသို့ တစ်ပါတည်းသွားရောက်မည်ဖြစ် ခရီးစဥ်အတွင်း၌ ဖက်ဒရယ်ကောင်စီလွှတ်တော် ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကာ ချစ်ကြည်ရေးခရီးစဥ်သို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများလိုက်ပါသွားမည်ဖြစ်သည်။