ရန်ကုန်တိုင်းအတွင်း၌ ရေစီးရေလာကောင်းမွန်စေရေးအတွက်ဆောင်ရွက်လျက်ရှိမှုနှင့် လမ်းတံတားလုပ်ငန်းများကို ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ ယနေ့ မေ ၁၃ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ညောင်တုန်းကားလမ်းနှင့် တပင်ရွှေထီးလမ်းဆုံတွင် အကျယ် ၁၂ ပေ၊ အနက် ၁၂ ပေ၊ အလျား ၁၆၀ ပေရှိ Box Culvert တည်ဆောက်နေမှု၊ ရန်ကုန်-ညောင်တုန်းလမ်းရေမြောင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ ရန်ကုန်-ပုသိမ်လမ်းရှိ သောင်ကြားချောင်းရေစီးရေလာကောင်းမွန်စေရန် စက်ယန္တရားဖြင့် နုန်းများ၊ အမှိုက်များဆယ်ယူရှင်းလင်းနေမှု၊ ရန်ကုန်-ပုသိမ်လမ်း ရေမြောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု၊ လမ်းဘေးဝဲ/ယာ လူသွားစင်္ကြံ ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ လမ်းသားတိုးချဲ့ရန် မြေသားပြုပြင်ဆောင်ရွက်နေမှုနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်း ကြည့်ရှုစစ် ဆေးခဲ့သည်။