ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း အသင်းက အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ ပေးအပ်ရာ၌ ယခု ၂၀၂၅ ခုနှစ်ဘောလုံးရာသီမှ ၂၀၂ ၇ ခုနှစ် ဘောလုံးရာသီအထိ ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
ရခိုင်ယူနိုက်တက်အသင်းအနေဖြင့်လာမည့် ဧပြီလ (၂၉) ရ က်၌ စတင်ကျင်းပမည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ MNL League Cup ပြိုင်ပွဲတွင် Glory Sports ၏ Customized Jersey ဒီဇိုင်းအသစ်အား ဝတ်ဆင်အသုံးပြုနိုင်ဦးမည်မဟုတ်သေးဘဲ ၂၀၂၅ MNL အမှတ်ပေးလိဂ်ပြိုင်ပွဲမှသာ Glory Sports ၏ အထူးထုတ်လုပ်ထားသော ပြိုင်ပွဲ၀င် Customized Jersey ကိုဝတ်ဆင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ယူနိုက်တက် ပရိသတ်များအတွက်လည်း Sports Lover ဆိုင်ခွဲတိုင်း တွင် ရခိုင်ယူနိုက်တက်ဂျာစီများအား အလွယ်တကူ၀ယ်ယူရရှိနိုင်မည်ဖြစ်ကာ Customize ဂျာစီ ထုတ်လုပ်ပါက Player Version အတိုင်း၀ယ်ယူ၀တ်ဆင်နိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Glory Sports သည် မြန်မာနိုင်ငံသားပိုင် အားကစား ဝတ်စုံလုပ်ငန်း Sports Lover ၏ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ထို င်းနိုင်ငံတွင် ထုတ်လုပ်ကာ မြန်မာနေရှင်နယ်လိဂ်ကလပ်အ သင်းများ၊ မြန်မာအမျိုး သမီးလိဂ်အသင်းများ နှင့် မြန်မာ့ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကိုလည်း ဝတ်စုံစပွန်ဆာ ပံ့ပိုးကူညီပေးအပ်ထားကြောင်း သိရသည်။