အစ္စလာမာဘတ်၊ဇွန် ၂၂
အီရန်၏နျူစက်ရုံသုံးရုံကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ပါကစ္စတန်ကရှုံ့ချခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်သည့်အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။
“အီရန်ကိုရန်စလိုက်မိတဲ့အတွက် တင်းမာမှုနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာက စိတ်အနှောက်အယှက်ဖြစ်စရာပါ၊ နောက်ထပ်တင်းမာမှုသာ တိုးလာဦးမယ်ဆိုရင် ဒေသတွင်းနဲ့အခြားနိုင်ငံတွေအတွက်ပါ ဆိုးဆိုးရွားရွားထိခို-က်နစ်နာစေပါလိမ့်မယ်” ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပိုင်ဆိုင်မှုများကို လေးစားထိန်းသိမ်းရန်လိုအပ်ကြောင်း ပါကစ္စတန်ကအလေးပေးပြောကြားခဲ့ပြီး ပဋိပက္ခများရပ်တန့်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအားလုံးက နိုင်ငံတကာဥပဒေ (အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ) များကို လိုက်နာရမည်ဟုလည်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့်အညီ တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေးအရ ညှိနှိုင်းဖြေရှင်းမှုသည် ဒေသတွင်းအကျပ်အတည်းများကို ဖြေရှင်းရန် အလားအလာရှိသည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည်ဟုလည်း ၎င်းကထပ်လေ-ာင်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ