Friday, November 15, 2024

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၌...

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော်ဝ တ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ဒုတိ ယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအား နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းကကျင်းပရာ ရက်ကန်းစင်တော်(၁၅)ခုက...

မန္တလေး မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်များကို...

"ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းသွားမည်ဖြစ်သည်။ အဆိုပါ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်သည် အမျိုးသမီးများဖူးမျှော်ခွင့်မရနိုင်သည့်နေရာဖြစ်ကာ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့ထံ အကူအညီတောင်း၍...

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု...

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ ဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု...

ထိုင်းရောက် အစ္စရေးနိုင်ငံသားများ သတိရှိရှိနေထိုင်ကြရန် တိုက်တွန်း

ထိုင်းနိုင်ငံရှိ အစ္စရေးနိုင်ငံသားအနေဖြင့် လာမည့်သောကြာနေ့တွင် ကျရောက်မည့် ကော့ဖငံ လပြည့်ပွဲတော်ကာလအတွင်း ပစ်မှတ်ထားခံရနိုင်သည့် သတင်းများထွက်ပေါ်နေမှုကြောင့် သတိရှိရှိ နေထိုင်ကြရန် အစ္စရေးအာဏာပိုင်များက အကြံပြုခဲ့သည်ဟု တိုင်မ်းစ်...
HomeInternationalယူကရိန်းအတွက် အမေရိကန်က ဒေါ်လာ...

ယူကရိန်းအတွက် အမေရိကန်က ဒေါ်လာ သန်း ၂၅၀ ရှိ စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ထပ်မံပေးအပ်မည်

ခဲယမ်းမီးကျောက်များ အပါအဝင် ဒေါ်လာသန်း ၂၅၀ တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှု အစီအစဉ်သစ်ကို ယူကရိန်းနိုင်ငံသို့ အမေရိကန်အစိုးရက ခွဲဝေပေးလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်း ထုတ်ပြန်ခဲ့သည်။

“ယနေ့တွင်၊ ယူကရိန်း၏ အရေးကြီးသော လုံခြုံရေးနှင့် ကာကွယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နောက်ထပ် လုံခြုံရေးအကူအညီများပေးအပ်ရန်ကို ကာကွယ်ရေးဌာနက ကြေညာခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါပက်ကေ့ချ်မှာ “ခန့်မှန်းခြေအားဖြင့် $ 250 သန်း” ရှိသည်။ ၎င်းပက်ကေ့ချ်တွင် RIM-7 ဒုံးကျည်များ၊ HIMARS ဒုံးပစ်လောင်ချာမျိုးစုံအတွက် ဒူုံကျည်များ၊ 155 mm နှင့် 105 mm caliber အမြောက်ကျည်များ၊ Stinger MANPADS လေယာဉ်ပစ်လက်နက်များ၊ Javelin နှင့် AT-4 တင့်ကားဖျက်စနစ်များအပြင် ဝါယာကြိုးဖြင့်ထိန်းချုပ်ရသော(TOW) ဒုံးကျည်များပါဝင်သည်။

ထို့အပြင် Bradley ခြေလျင်တိုက်ခိုက်ရေးယာဉ်များ၊ M113 သံချပ်ကာယာဉ်များ၊ မိုင်းဒဏ်ခံနိုင်သော ချောင်းမြောင်းကာကွယ်ရေးယာဉ်များ၊ ကင်းလှည့်သင်္ဘောများ၊ လက်နက်ငယ်ကျည်များနှင့် လက်ပစ်ဗုံးများ၊ ပေါက်ကွဲစေတတ်သောယမ်းများနှင့် အပိုပစ္စည်းများလည်း ပါဝင်သေးသည်။ အမေရိကန် လက်နက်ခဲယမ်းသိုလှောင်ရုံများတွင် ရှိပြီးသား ပစ္စည်းများကို ကိယက်ဗ်သို့ ပေးပို့မည်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသို့ လက်နက်သစ်များ ပေးပို့ခြင်းသည် ရှေ့တန်းရှိ အခြေအနေကို ပြောင်းလဲစေမည်မဟုတ်ဘဲ ပဋိပက္ခကိုသာ ပိုမိုရှည်ကြာစေလိမ့်မည်ဟု ယခင်ကတည်းကပင်လျှင် အလေးထားပြောကြားခဲ့သည်။

Get notified whenever we post something new!

spot_img

Create a website from scratch

Just drag and drop elements in a page to get started with Newspaper Theme.

Continue reading

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၌ နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ ရက် ကန်းစင်တော်(၁၅)ခုရက်လုပ်နေ

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော်ဝ တ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ဒုတိ ယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအား နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းကကျင်းပရာ ရက်ကန်းစင်တော်(၁၅)ခုက ရက်လုပ်လျက်ရှိသည်။ အဆိုပါ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲဖွင့်ပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်အချက် ပေးရာ ရက်ကန်းအဖွဲ့(၁၅)ဖွဲ့မှ သက်ဆိုင်ရာ ရက်ကန်းစင်တော်များ၌ မသိုးရွှေကြာသင်္ကန်းတော်များကို စတင်ရက်လုပ်ရာ တက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကိုတစ်ပြိုင်နက်လွှတ်တင်ခဲ့ကြသည်။ ထို့အတူ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ...

မန္တလေး မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းမည်

"ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းသွားမည်ဖြစ်သည်။ အဆိုပါ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်သည် အမျိုးသမီးများဖူးမျှော်ခွင့်မရနိုင်သည့်နေရာဖြစ်ကာ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့ထံ အကူအညီတောင်း၍ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ " မဟာမြတ်မုနိရုပ်ပွားတော်ရဲ့နောက်ကျောတော်ကို မြတ်စွာဘုရားရှင်က လက်တော်နဲ့သပ်ပြီးရင်ငွေ့လှုံပေးခဲ့တယ်လို့ ဆိုရိုးစကားကြားဘူးခဲ့တယ်။ အဲဒီ နောက်ကျောတော်နေရာက အမျိုးသမီးတွေဖူးမျှော်ခွင့်မရနိုင်တဲ့နေရာပါ။ အခုက ပထမအကြိမ်လှူဒါန်းတာဖြစ်တဲ့အတွက် အဝေးရောက် ဓမ္မမိတ်ဆွေတွေကိုလှူဒါန်းပေးနိုင်ခြင်းတော့မရှိသေးပါဘူး"ဟု ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်ကပြောသည်။ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရိုက်ကူးရရှိခဲ့သည့် မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်(၁၀၀)အား နေပြည်တော်တွင် နေ့စဥ် နံနက်/ညနေ ကျွေးမွေးလှူဒါန်းလျက်ရှိသည့် "ထိုက်သူပန်"အာဟာရဒါနအလှူနေရာသို့ လာရောက်သူများနှင့် "ထိုက်သူပန်"တိုင်းရင်းဆေးကိုယ်စားလှယ်များကို လှူဒါန်းပေးသွားမည်ဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု တားဆီးကာကွယ်ရေး နှစ်နိုင်ငံဆွေးနွေး

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ ဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက ပြောကြားလိုက်သည်။ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ(၁၃)ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၉) ရက်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့်...

Enjoy exclusive access to all of our content

Get an online subscription and you can unlock any article you come across.