မေလ ၁၅ ရက် နေ့၌ တုကီယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင် အဆိုပြုခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတစ်ရပ်ကို ဖော်ဆောင်ရန် ရည်ရွယ်သင့်ကြောင်း သူကပြောကြားခဲ့သည်။
စစ်ပွဲအဆုံးသ-တ်ရေးအတွက် လက်ရှိအထိ လိုက်လျောမှုအနည်းငယ်သာ ကမ်းလှမ်းထားသော ရုရှားခေါင်းဆောင်က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်မည့် ဆွေးနွေးမှုများသည် လက်နက်ပြန်လည်အင်အားဖြည့်ခွင့်ပေးသည့် အပစ်ရပ်ခြင်းမျိုးထက် စစ်ပွဲ၏အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းကာ ရေရှည်ငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်ရမည်ဖြစ်သည်ဟု ဆိုခဲ့သည်။
“ကြိုတင် စည်းကမ်းသတ်မှတ်ချက်များ မထားရှိဘဲ ကိဗ်နှင့် တိုက်ရိုက်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ရန် ကျွန်ုပ်တို့ အဆိုပြုပါသည်” ဟု မစ္စတာ ပူတင်က မေလ ၁၁ ရက် နေ့အစောပိုင်းတွင် ခရမ္မလင် ကပြောကြားခဲ့ပြီး မော်စကိုအနေဖြင့် အစ္စတန်ဘူလ်တွင် မေလ ၁၅ ရက် နေ့၌ ညှိနှိုင်းဆွေးနွေးမှုများ ပြန်လည်စတင်နိုင်မည့် အခွင့်အရေးကို ကိဗ်အာဏာပိုင်များထံ ကမ်းလှမ်းထားပြီးဖြစ်ကြောင်း ဆိုခဲ့သည်။
အပစ်အခတ်ရပ်စဲရေးအထိ ဦးတည်သွားနိုင်သည့် ဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရေးနှင့် ပတ်သက်၍ တုကီယေး သမ္မတ တေယစ် အာဒိုဂန်ကို မေလ ၁၁ ရက်နေ့ အနှောင်းပိုင်းတွင် သူပန်ကြားသွားမှာဖြစ်ကြောင်းလည်း မစ္စတာပူတင်က ပြောဆိုသည်။
မစ္စတာ ပူတင်၏ အဆိုပြုချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာ၏ တောင်းဆိုမှုကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ရုံးနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့က လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။
Ref: သည်စထရိတ်တိုင်းမ်စ်