Tuesday, June 9, 2026

ထိုင်းအသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း တစ်ဂိုးစီသရေကျ

AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းတို့ ယနေ့ (ဇွန် ၉ ရက်) ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲပြီးဆုံးချိန်၌...

အိမ်ရှင်ဖိလစ်ပိုင်အသင်း ပထမပိုင်းမှာ ဦးဆောင်ဂိုးရယူ၊ မြန်မာအသင်း...

အိမ်ရှင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ပထမပိုင်းပွဲချိန်အပြီး (၁-၀) ဖြင့် နောက်ကောက်ကျနေကြောင်း သိရသည်။ အဆိုပါပွဲစဉ်မှာ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့်...

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကြာသပတေးနေ့တွင် စတင်မည်

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကြာသပတေးနေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ်အဖြစ် ဖီဖာက မျှော်မှန်းထားသည်။ မြင့်မားသည့် လက်မှတ်ဈေးနှုန်းများ၊ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ၏...

ပဲခူးတိုင်းတွင် မိုးတွင်းရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ...

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောသည်။ မိုးသည်းထန်စွာ...
HomeMoviesယနေ့ ယှဉ်ပြိုင်မည့် မြန်မာ-...

ယနေ့ ယှဉ်ပြိုင်မည့် မြန်မာ- ဖိလစ်ပိုင် နောက်ဆုံးပွဲစဉ်အတွင်း ကျော်မင်းဦး၊ သီဟထက်အောင်နှင့် ရဲရင့်အောင် ပါဝင်နိုင်မည်မဟုတ်ဟု အသိပေး

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် Tri-Nation Friendly ပွဲစဉ် နောက်ဆုံးပွဲဖြစ်သည့် ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်းပွဲစဉ်တွင် ကစားသမားများဖြစ်သည့် ကျော်မင်းဦး၊သီဟထက်အောင်နှင့် ရဲရင့်အောင်တို့ ပါဝင်နိုင်မည်မဟုတ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်းက အသိ‌ပေးထားသည်။

ကျော်မင်းဉီးနှင့် သီဟထက်အောင်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်မည်မဟုတ်ဘဲ ရဲရင့်အောင်မှာ ဂူအမ််နှင့်ပွဲစဉ်တွင် အနီကတ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသဖြင့် ယနေ့ပွဲစဉ်အား လွဲချော်မည်ဖြစ်သည်ဟု မြန်မာ့လက် ရွေးစင်အသင်းက အသိပေးထားသည်။

ကျော်မင်းဦး နှင့် သီဟထက်အောင် တို့ ၏ဒဏ်ရာများအား MRI ဆေးစစ်ချက်နှင့် ဆေးဘက်ဆိုင်ရာ သုံးသပ် တွေ့ရှိချက်အရ ကျော်မင်းဦး (ခြေကျင်းဝတ်ဒဏ် ရာ)နှင့် သီဟထက်အောင် (ကြံ့ခိုင်မှုမပြည့်ဝ)တို့သည် ပွဲကစားနိုင်သည့် အခြေ အနေတွင် ရှိမနေဘဲ အပြည့်အဝ ပြန် လည်ကောင်းမွန်လာရန်အတွက် အချိန်ယူကုသခြင်းများ ပြုလုပ်ရမည်ဟု ဆို သည်။

ရဲရင့်အောင် အနေဖြင့် ဖီဖာခြေစမ်းပွဲကာ လအတွင်းရရှိသည့် အနီကတ်ကြောင့် ယနေ့ပွဲစဉ်အား လွဲချော်မည်ဖြစ်သော်လည်း လာမည့် နိုင်ငံတကာ ခြေစမ်းပွဲများနှင့် အာဆီယံချန်ပီယံရှစ် ပွဲစဉ်များအတွက် အသင်းနှင့်အတူ ဆက်လက်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဖိလစ်ပိုင်နှင့်မြန်မာ ပွဲစဉ်ကို ယနေ့ဇွန် (၉) ရက်၊ မြန်မာစံတော်ချိန် ညနေ (၆)နာရီ၌ မနီလာမြို့၊ ဟိုဆေးရီဇာအမှတ်တရကွင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်တွင်းရုပ်သံလိုင်း Readers Channel မှတိုက် ရိုက်ပြသမည်ဖြစ်သည်။

တစ်ရက်တည်း ကစားမည့် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်တို့ AYA Bank Tri Nation Cup 2026 ပွဲစဉ်ကိုမှူ MRTV ဆက်စပ်ရုပ်သံလိုင်းများ ဖြစ်သည့် MRTV Sports နှင့် MRTV Entertainment တို့မှ ပြသမည်ဖြစ်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းအသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း တစ်ဂိုးစီသရေကျ

AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းတို့ ယနေ့ (ဇွန် ၉ ရက်) ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲပြီးဆုံးချိန်၌ တစ်ဖက်(၁)ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ ယနေ့ပွဲစဉ်၏ ပထမပိုင်းတွင် နှစ်သင်းစလုံး အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ပိုမိုတက်ကြွစွာ ကစားနိုင်ခဲ့ပြီး ရူပါခိုင်၏ အဝေးကန်ချက်မှတစ်ဆင့် ဂိုးဧရိယာအတွင်း အသင့်ရှိနေသည့် မေထက်လူက ခေါင်းတိုက်သွင်းယူကာ မြန်မာအသင်းအတွက် ဦးဆောင်ဂိုး ရရှိစေခဲ့သည်။ သို့သော် မြန်မာအသင်း ဦးဆောင်ဂိုးရပြီး မကြာမီမှာပင် ထိုင်းအသင်းက...

အိမ်ရှင်ဖိလစ်ပိုင်အသင်း ပထမပိုင်းမှာ ဦးဆောင်ဂိုးရယူ၊ မြန်မာအသင်း ပြန်လည်ချေပရန် ကြိုးပမ်းနေ

အိမ်ရှင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ပထမပိုင်းပွဲချိန်အပြီး (၁-၀) ဖြင့် နောက်ကောက်ကျနေကြောင်း သိရသည်။ အဆိုပါပွဲစဉ်မှာ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် Tri-Nation Friendly Tournament ၏ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် စတင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ ယင်းပွဲမတိုင်မီ မြန်မာအသင်း၏ အဓိကကစားသမားများဖြစ်သည့် ကျော်မင်းဦးနှင့် သီဟထက်အောင်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ၊ ရဲရင့်အောင်မှာ ဂူအမ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် အနီကတ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသဖြင့် ယခု ပွဲစဉ်ကို...

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကြာသပတေးနေ့တွင် စတင်မည်

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကြာသပတေးနေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ်အဖြစ် ဖီဖာက မျှော်မှန်းထားသည်။ မြင့်မားသည့် လက်မှတ်ဈေးနှုန်းများ၊ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ၏ သက်ရောက်မှုများရှိနေသော်လည်း ပြိုင်ပွဲ၏ ဆွဲဆောင်မှုမှာ ဆက်လက်မြင့်မားနေမည်ဟု ဖီဖာက ယုံကြည်ထားသည်။ ယခုပြိုင်ပွဲတွင် အသင်းပေါင်း ၄၈ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို သုံးနိုင်ငံက ပထမဆုံးအကြိမ် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် အရှုပ်ထွေးဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ရပ်အဖြစ် သတ်မှတ်ခံထားရသည်။ ပြိုင်ပွဲဖွင့်ပွဲကို မက္ကဆီကိုစီးတီးရှိ နာမည်ကျော်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071