Sunday, April 12, 2026

ဧပြီလ၏ ပထမ(၁၀)ရက်ပတ်အတွင်း မြန်မာအလုပ်သမား(၂၅)ဦး ကိုရီးယားနိုင်ငံသို့စေလွှတ်

ဧပြီ ၆ ရက်နှင့် ဧပြီ ၈ ရက်တို့က မြန်မာအလုပ်သမား (၂၅)ဦးကို ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်ရန် အ စိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ကြောင်း...

စစ်ရေးအသုံးစရိတ် တိုးမြှင့်ရန်အတွက် NASA ကို...

လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း လူသားတို့ သွားလာနိုင်ခဲ့ခြင်း မရှိသည့် အာကာသထဲသို့ အာကာသယာဉ်မှူး လေးဦး အောင်မြင်စွာ ပျံသန်းနေစဉ်ဝယ် ကမ္ဘာမြေပေါ်ရှိ အိမ်ဖြူတော်ကမူ သူတို့ကို...

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay...
HomeNewsFootballယနေ့ ပွဲဦးထွက် ကစားခဲ့သည့်...

ယနေ့ ပွဲဦးထွက် ကစားခဲ့သည့် ဧရာဝတီအမျိုးသမီးအသင်း (၂)ဂိုး သွင်းယူ၍ အနိုင်ရလဒ် ထွက်ပေါ်

ယနေ့ ဇူလိုင် (၁၇)ရက် ညနေပိုင်းတွင် ဒုတိယအကျော့ Myanmar Women League 2024 Week (8) ပွဲစဉ်အား ဧရာဝတီယူနိုက်တက် အမျိုးသမီးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဧရာဝတီယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယနေ့ ပွဲစဉ်တွင် ဧရာဝတီအသင်းက ရှမ်းယူနိုက်တက်အသင်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီးနောက် နိုင်မှတ် (၃)မှတ် ရရှိခဲ့သဖြင့် လက်ရှိတွင် ဧရာဝတီအသင်းမှာ နိုင်မှတ် (၁၃) မှတ်ရရှိခဲ့ပြီဖြစ်သည်။

ပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို ဧရာဝတီအသင်းတိုက်စစ်မှူး စန်းသော်သော်က ရရှိသွားခဲ့သည်။

ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းဘက်မှ ယုယနိုင်ကလည်း ချေပဂိုး (၁)ဂိုးသွင်းယူခဲ့သည့်အတွက် အသင်း၏ ပထမဦးဆုံးလိဂ်သွင်းဂိုးလည်း ဖြစ်သည်။

မနက်ဖြန် ဇူလိုင်(၁၈) ရက်တွင် အား/ကာသိပ္ပံအသင်းနှင့် မြဝတီအသင်း၊ ရန်ကုန်ယူနိုက်တက်နှင့် YREO အသင်းတို့ ဆက်လက် ယှဉ်ပြိုင်သွားကြရမည်ဖြစ်သည်။

အား/ကာသိပ္ပံအသင်းမှာ ရမှတ်(၁၄)မှတ်ဖြင့် အဆင့်(၂)နေ ရာတွင် ရပ်တည်နေပြီး၊ မြဝတီအသင်းမှာ ရမှတ် (၁၀)မှတ်ဖြင့် အဆင့်(၃)နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် (၁၅)မှတ်ဖြ င့် အဆင့်(၁)နေရာတွင်ရပ်တည်နေကာ YREO အသင်းမှာ ရမှတ်(၃)မှတ်ဖြင့် အဆင့် (၆)နေရာတွင် အရပ်တည်နေကြခြ င်းဖြစ်သည်။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ဒုတိယအကျော့အား ယနေ့ဇူလိုင် (၁၇)ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲ ကစားသွားမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီး အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧပြီလ၏ ပထမ(၁၀)ရက်ပတ်အတွင်း မြန်မာအလုပ်သမား(၂၅)ဦး ကိုရီးယားနိုင်ငံသို့စေလွှတ်

ဧပြီ ၆ ရက်နှင့် ဧပြီ ၈ ရက်တို့က မြန်မာအလုပ်သမား (၂၅)ဦးကို ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်ရန် အ စိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင် ရာ မြန်မာသံရုံးထံမှ သိရသည်။ စိုက်ပျိုးရေးလုပ်သားသစ်(၃)ဦးအား ဧပြီ ၆ ရက်၊ ကုန်ထုတ်လုပ်သားသစ်(၁၇)ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ်(၅)ဦးတို့အား ဧပြီ ၈ ရက်တို့က စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်၌ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကိုမှာကြားပြီး လိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ ထို့အတူ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်ကလည်း Video call ဖြင့်...

စစ်ရေးအသုံးစရိတ် တိုးမြှင့်ရန်အတွက် NASA ကို ဘတ်ဂျက်လျှော့ချရန် ထရမ့် အဆိုပြု

လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း လူသားတို့ သွားလာနိုင်ခဲ့ခြင်း မရှိသည့် အာကာသထဲသို့ အာကာသယာဉ်မှူး လေးဦး အောင်မြင်စွာ ပျံသန်းနေစဉ်ဝယ် ကမ္ဘာမြေပေါ်ရှိ အိမ်ဖြူတော်ကမူ သူတို့ကို စေလွှတ်ခဲ့သည့် NASA အာကာသအေဂျင်စီ၏ ဘတ်ဂျက်ကို ဖြတ်တောက်ရန် အဆိုပြုလိုက်သည်။ သောကြာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပြုချက်တွင် အေဂျင်စီ၏ လကမ္ဘာအခြေပြု Artemis စီမံကိန်းအတွက် ဒေါ်လာ တစ်ဘီလီယံ တိုးမြှင့်ပေးရန် တောင်းဆိုချက် ပါဝင်သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် NASA ၏ သိပ္ပံဆိုင်ရာ ဘတ်ဂျက်ကိုမူ ၅၀ ရာခိုင်နှုန်းနီးပါးအထိ အကြီးအကျယ်...

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay ရေအားလျှပ်စစ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနှင့် တရုတ်အရာရှိများ တက်ရောက်ခဲ့ကြသည်။    အရှေ့တောင်အာရှနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပုံစံသို့ ပြောင်းလဲရန် အသင့်ဖြစ်နေသော တရုတ်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၏ ပထမဆုံး ဂစ်ဂါဝပ်အဆင့်ရှိ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်မှု တရားဝင်စတင်လိုက်ပြီဖြစ်သည်။ အနောက်တောင်ပိုင်း ကော့ကွန်းပြည်နယ်တွင် တည်ရှိသော အထက်တာတေး စီမံကိန်းသည် နိုင်ငံ၏ ကြီးထွားလာသော အစိမ်းရောင်စွမ်းအင်အခြေခံအဆောက်အအုံတွင် ဒေါ်လာ ၁ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံမှုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071