မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန် ၂၁ ရက်ကထုတ်ပြန်သည့် ဇွန်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ လကုန်ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် (၈)ရက်မှ(၁၀) ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ် ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်၊ ချင်း ပြည် နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် (၆)ရက်မှ (၈)ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့အတူ ဇွန်လ တတိယ(၁၀)ရက်ပတ်အတွင်း၌ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိ အားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။
