Myanmar National League 2024-25 Week(1)ပွဲစဥ်အတွက် ပြည်တွင်းကစားသမား သီးသန့်ဖြင့် စုဖွဲ့၍ ပွဲဦးထွက်လာ ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား စာရင်းကို ယနေ့ ဇူလိုင် (၅) မွန်းလွဲပိုင်းတွင် ထုတ်ပြန်လာသည်။
ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် အသင်း၏ အမာခံ ကစားသမားများဖြစ်သည့် ကြည်လင်း၊ လှိုင်းဘိုဘို၊ ဝေလင်းအောင်အပါအဝင် အခြားတိုက်စစ်မှူး ကစားသမားကောင်းများပါဝင်သည့် (၂၉)ဦးဖြင့် စုဖွဲ့ထားသည်ကို တွေ့ရသည်။
မနက်ဖြန် Week(1) အဖွင့်ပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်နှင့် ရခိုင်ယူတိုက်တက်အပါအဝင် ဒဂုံစတားယူနိုက်တက်နှင့် သစ္စာအားမာန်၊ ဧရာဝတီယူနိုက်တက်နှင့် ရတနာပုံ၊ ရှမ်းယူနိုက်တက်နှင့် မြဝတီ၊ ဟံသာဝတီယူနိုက်တက်နှင့် ဒဂုံပေါ့စ်၊ ISPE နှင့် မဟာယူနိုက်တက်အသင်းတို့ အသီးသီး ထိပ်တိုက်တွေ့ဆုံနေကြသည်။
Week (1) ပွဲစဉ်များကို ဇူလိုင် (၆ )ရက်မှ (၈)ရက်အထိ (၃) ရက်ကြာ အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ယနေ့တွင် အခြားကလပ်အသင်များကလည်း ကစားသမားစာ ရင်းများကို အသီးသီးထုတ်ပြန်လာကြပြီဖြစ်သည်။
ယခုနှစ် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅) ကြိမ်မြောက်ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
