Wednesday, April 8, 2026

CI ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ပိတ်ထားမည်

ထိုင်းနိုင်တွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ...

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မြတ်စွယ်တော်တိုက်အသစ်တည်ဆောက်မည်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ မြတ်စွယ်တော်တိုက်ကိုအသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရန် မြေသန့်ပန္နက်တော်တင်မင်္ဂလာအား ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းကကျင်းပရာ စေတီတော်မြတ်ကြီး၏...

အပစ်ရပ်ရေးသဘောတူညီချက်ကြောင့်ရေနံစိမ်းဈေးကျ၊ စတော့ဈေးများ ပြန်တက်

အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို တေရန်က ဖွင့်ပေးရမည့်အချက်ပါဝင်သည့် အမေရိကနှင့် အီရန်အကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူနိုင်ခဲ့ပြီးနောက် ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ပြီး စတော့ရှယ်ယာဈေးများ ပြန်လည်မြင့်တက်ခဲ့သည်။ အစ္စလာမ်မစ်သမ္မတနိုင်ငံအနေဖြင့်...

လေဆိပ်တွင် ပြည်တွင်းပြည်ပထွက်ခွာမည့်ခရီးစဉ်များအတွက် ခရီးသည်အချက်အလက် စစ်ဆေးမှုများကို...

လာမည့်ဧပြီလ ၉ ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးစဉ်များအားလုံးအတွက် သက်ဆိုင်ရာလေဆိပ်အာဏာပိုင်များမှ ခရီးသည်အချက်အလက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ကြောင်း Myanmar...
HomeInternationalမြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှူအပေါ် အမေရိကန်...

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှူအပေါ် အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ် ကြေညာချက်ထုတ်ပြန်

မြောက်ကိုရီးယားနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် ဘောလစ်စတစ်ဒုံးကျည် အမြောက်အမြားကို ထပ်မံပစ်လွှတ်ခဲ့ပြီး၊ ၎င်းမှာ ယခင်နေ့က ပစ်လွှတ်မှုအပေါ် ထပ်တိုးလုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ ယခုကဲ့သို့ ဆက်တိုက်စမ်းသပ်မှုများကြောင့် တင်းမာမှုများ လျော့ပါးလာစေရေးအတွက် တောင်ကိုရီးယား၏ မျှော်လင့်ချက်များအပေါ် ဖိအားများဖြစ်ပေါ်စေခဲ့သည်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားသည် ဗုဒ္ဓဟူးနေ့ နေ့လယ် ၂ နာရီ မိနစ် ၂၀ ခန့် (ဂရင်းနစ်စံတော်ချိန် ၀၅:၂၀) တွင် ဝမ်ဆန်(Wonsan) ဒေသမှနေ၍ ၎င်း၏ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်သို့ အမျိုးအမည်မသိရသေးသော ဒုံးကျည်တစ်စင်းကို ထပ်မံပစ်လွှတ်ခဲ့ကြောင်း သိရသည်။

ယင်း ဒုံးကျည်ပစ်လွှတ်မှုအပေါ် အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်(USINDOPACOM) ကလည်း ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ဘောလစ်စတစ်ဒုံးကျည် အမြောက်အမြားကို ပစ်လွှတ်ခဲ့သည်။ ကျွန်ုပ်တို့သည် ထိုဒုံးကျည်ပစ်လွှတ်မှုများကို သိရှိထားပြီးဖြစ်ကာ ကျွန်ုပ်တို့၏ မဟာမိတ်များ၊ မိတ်ဖက်များနှင့် အနီးကပ် တိုင်ပင်ဆွေးနွေးလျက်ရှိပါသည်။ လက်ရှိအကဲဖြတ်ချက်များအရမူ ယင်းဖြစ်စဉ်သည် အမေရိကန် ဝန်ထမ်းများ သို့မဟုတ် အမေရိကန်ပိုင်နက်နယ်မြေများအပြင် ကျွန်ုပ်တို့၏ မဟာမိတ်များအတွက်ပါ တိုက်ရိုက်ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မရှိကြောင်း တွေ့ရှိရပါသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မိမိတို့၏ မိခင်နိုင်ငံနှင့် ဒေသတွင်းရှိ မဟာမိတ်များ၏ ကာကွယ်ရေးအတွက် ဆောင်ရွက်ရန် ဆက်လက် သန္နိဋ္ဌာန်ချထားဆဲဖြစ်ပါသည်”

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CI ထုတ်ပေးရေးစခန်းများကို သင်္ကြန်တွင်း၌ပိတ်ထားမည်

ထိုင်းနိုင်တွင်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ်(CI)ထုတ်ပေးရေးစခန်းများဖွင့်လှစ်၍ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော CI ထုတ်ပေးရေးစခန်းများကို မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်အထိ ယာယီပိတ်ပြီး လုပ်ငန်းများအားလုံးကိုရပ်နားထားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ဧပြီ ၁၈ ရက်မှစတင်၍ CI ထုတ်ပေးရေးစခန်းများကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြီး လုပ်ငန်းစဥ်များအားလုံးကိုပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မြတ်စွယ်တော်တိုက်အသစ်တည်ဆောက်မည်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ မြတ်စွယ်တော်တိုက်ကိုအသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တည်ဆောက်ရန် မြေသန့်ပန္နက်တော်တင်မင်္ဂလာအား ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းကကျင်းပရာ စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူ၍ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက မြတ်စွယ်တော်တိုက်တည်ဆောက်ရန် ပန္နက်တော်တင်ခဲ့ကြကြောင်း သိရသည်။

အပစ်ရပ်ရေးသဘောတူညီချက်ကြောင့်ရေနံစိမ်းဈေးကျ၊ စတော့ဈေးများ ပြန်တက်

အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို တေရန်က ဖွင့်ပေးရမည့်အချက်ပါဝင်သည့် အမေရိကနှင့် အီရန်အကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူနိုင်ခဲ့ပြီးနောက် ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ပြီး စတော့ရှယ်ယာဈေးများ ပြန်လည်မြင့်တက်ခဲ့သည်။ အစ္စလာမ်မစ်သမ္မတနိုင်ငံအနေဖြင့် ရေလက်ကြားကို ပြန်ဖွင့်လျှင်ဖွင့် မဖွင့်လျှင်ချေမှုန်းခံရမည်ဆိုသော ဒေါ်နယ်ထရမ့်ပ်၏ နောက်ဆုံးသတ်မှတ်ချိန်နီးကပ်လာချိန်တွင် တိုက်ခိုက်မှုများကို သီတင်းနှစ်ပတ်ကြာ ရပ်တန့်သွားမည်ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့ကာ လက်တွေ့ကျသော အချက် ၁၀ ချက်ပါ သည့် အဆိုပြုချက်ကို လက်ခံရရှိထားကြောင်း ပြောဆိုခဲ့သည်။ အီရန်ဘက်ကလည်း ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ငါးပုံတစ်ပုံခန့်ဖြတ်သန်းသယ်ဆောင်ရာ ရေလမ်းကြောင်းကို ဘေးကင်းလုံခြုံစွာဖြတ်သန်းနိုင်ရေး သဘောတူခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ ထိုသတင်းကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071