အာဆီယံ ချန်ပီယံရှစ် AFF Mitsubishi Electric Cup 2024 အုပ်စု အဖွင့်ပွဲစဉ် ဖြစ်သည့် မြန်မာနှင့် အင်ဒိုနီးရှား ပွဲစဉ်အတွက် ပွဲကြိုလက်မှတ်များအား ဒီဇင်ဘာ (၆) ရက်မှ စတင်ကာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး က ထုတ်ပြန်သည်။
လက်မှတ်များကို ဝေဇယန္တာလမ်းမကြီး၊ (သုဝဏ္ဏကွင်းရှေ့) တွင် နံနက်(၁၀)နာရီမှ၊ ညနေ (၄နာရီ အတွင်း ရောင်းချပေးသွားမည် ဖြစ်ပြီး အထူးတန်း (၅၀၀၀) ကျပ်၊ ရိုးရိုးတန်း (၂ ၀၀၀) ကျပ် သတ်မှတ်ထားကြောင်းလည်း သိရသည်။
ထို့ပြင် မြန်မာ-အင်ဒိုပွဲ လာကြည့်မည့် ပရိတ်သတ်များ အိမ်အပြန်အဆင်ပြေစေရန် အပြန်ကားများကိုလည်း ဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားပြီး နီးစပ်ရာနေရာများကို ရောက်ရှိနိုင်မည့် အခြေအနေအထိ စီစဉ်ပေးထားသည်ဟု ဆိုသည်။
မြန်မာအသင်းသည် မစ်ဆူဘီရှီဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဥိကို ဒီဇင်ဘာ (၉)ရက်၌ သုဝဏ္ဏကွင်းတွင် အင်ဒိုနီးရှားအသင်းနှင့် စတင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကာ လာအို ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် လည်း အုပ်စုပွဲများ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
လက်ရှိတွင် မြန်မာအသင်းကို လက်ရွေးစင်ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက ကိုင်တွယ်နေပြီး မစ်ဆူဘီရှီဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းကစားခဲ့သည့် MNL All Star နှင့် ပွဲတွင် (၂)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ထားသည်။