Tuesday, June 9, 2026

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အရေးပေါ်အခြေအနေကြေညာခြင်း၊...

ယနေ့ ဂျွန်လ ၉ ရက်၌ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကိုကျင်းပရာ ပြည်ထောင်စုလွှတ်တော် တက်ရောက်ခွင့်ရှိသူကိုယ်စားလှယ် ၅၆၀ ဦးရှိရာ တက်ရောက်သူ ၅၅၈...

မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု...

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) မှ ကြီးမှူးကျင်းပမည့်"Myanmar–China Trade & Investment Expo 2026 ကို ဇွန်...

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတမြို့ ရေသန့်စက်ရုံများသို့...

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ရေသန့်စက်ရုံများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်၊ ထုပ်ပိုးရောင်းချခြင်း ရှိ/ မရှိ ရှောင်တခင် လိုက်လံစစ်ဆေးမှု...

စစ်ကိုင်းတိုင်း အထက်ပိုင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူများ...

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှ ကျောင်းသား/ကျောင်းသူများ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ဟုမ္မလင်းဒီဂရီကောလိပ်သို့ လျှောက်ထားလာပါက တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ပြောသည်။ ယမန်နေ့က ကျင်းပသည့်...
HomeMoviesမြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်ဖွင့်လှစ်ရန်သဘောတူခဲ့ကြ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဂီအိုနိုသည် ဇွန် ၈ ရက်က နေပြည်တော်သို့တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိလာခဲ့သည်။

ထိုသို့ ရောက်ရှိလာပြီးနောက် ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့်တွေ့ဆုံကာ နှစ်နိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးပွဲပြုလုပ်ပြီး ရေရှည်တည်ရှိခဲ့သည့် အစဉ်အလာချစ်ကြည်ရေးကို အခြေခံကာ သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် အာဆီယံအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် အတူတကွပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံကြား ရှိရင်းစွဲမိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်ရည်ရွယ်၍ ​စီးပွားရေးနှင့် ပြည်သူအချင်း ချင်းကူးလူးဆက်ဆံရေးတိုးမြှင့်ရန်၊ ​လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ၊ ​မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံမှ ပညာသင်ဆုများဆက်လက်ပံ့ပိုးပေးရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက မြန်မာနိုင်ငံသည် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံအဖြစ်ရပ်တည်နေပြီး မြန်မာနိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်သာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် နားလည်မှုအပြည့်ဖြင့် အပြုသဘောဆောင်ရပ်တည်ပေးခဲ့သည့် အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို အထူးအသိမှတ်ပြုကျေးဇူးတင်သည်ဟု အသိပေးပြောကြားခဲ့သည်။

ထို့အတူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်အကောင်အထည်ဖော်နေမှုကို အင်ဒိုနီးရှားနိုင်ငံက အပြုသဘောအသိအမှတ်ပြုပြီး တိုင်းရင်းသားလူမျိုးစုံရှိသည့် မြန်မာ့လူ့အဖွဲ့အစည်း၏ စိန်ခေါ်မှုများကိုနားလည်ကာ ​မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရသစ်တစ်ရပ်ထွက်ပေါ်လာခြင်းနှင့်အတူ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးကြိုးပမ်းမှုများကို အင်ဒိုနီးရှားနိုင်ငံက ကြိုဆိုထောက်ခံပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ပံ့ပိုးလိုသည်ဟု ကမ်းလှမ်းပြောဆိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အရေးပေါ်အခြေအနေကြေညာခြင်း၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းနှင့် ဒီဇယ်ဆီအထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စရပ်များ ဆွေးနွေးမည်

ယနေ့ ဂျွန်လ ၉ ရက်၌ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကိုကျင်းပရာ ပြည်ထောင်စုလွှတ်တော် တက်ရောက်ခွင့်ရှိသူကိုယ်စားလှယ် ၅၆၀ ဦးရှိရာ တက်ရောက်သူ ၅၅၈ ဦးရှိသည့်အတွက် အစည်းအဝေး အထမြောက်ခဲ့သည်။ အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော် နာယကမှ နိုင်ငံတော်သမ္မထံ နိုင်ငံတကာအဖွဲ့အစည်းများမှပေးပို့သည့် ဝမ်း‌ေမြာက်‌ေကြာင်းသဝဏ်လွှာအသီးသီးကို ဖတ်ကြားတင်ပြခဲ့ကာ၊ ဆက်လက်၍ နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးအပ်ရန် ပေးပို့ထားသော တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးဌာနများ၏ဝန်ကြီးများအမည်စာရင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဥပဒေချုပ်များ အမည်စာရင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ စာရင်းစစ်ချုပ်များ အမည်စာရင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဉက္ကဌများ အမည်စာရင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ...

မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးမည့် ပြပွဲကျင်းပမည်

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်း (UMBEEA) မှ ကြီးမှူးကျင်းပမည့်"Myanmar–China Trade & Investment Expo 2026 ကို ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲကို Yangon Convention Center (YCC), Yangonတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ချိတ်ဆက်ပေးမည့် အထူးပြပွဲဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် MSMEs လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ စားသောက်ကုန်နှင့် လူသုံးကုန် လုပ်ငန်းများ၊စိုက်ပျိုးရေးနှင့်...

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတမြို့ ရေသန့်စက်ရုံများသို့ ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ရေသန့်စက်ရုံများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်၊ ထုပ်ပိုးရောင်းချခြင်း ရှိ/ မရှိ ရှောင်တခင် လိုက်လံစစ်ဆေးမှု ဇွန်လ ၈ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ FDA မှ ရေသန့်စက်ရုံများကို ရှောင်တစ်ခင်စစ်ဆေးခြင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက "မြို့ ပေါ်မှာ ရေသန့်စက်ရုံတွေ ၁၀ ခုလောက်ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့လည်း ရေသန့်ဗူးတွေ ဝယ်သောက်နေတာပါ။ အရင်က တံဆိပ်တစ်မျိုးကို ဝယ်သုံးတာ တစ်နှစ်လောက်ရှိပြီ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ၄ လ လောက်တုန်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071