Sunday, May 24, 2026

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်းများ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်း များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊...

ပြည်ပဝင်ငွေတိုးစေမည့် Myanmar Agri Foods...

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာရှိ Myanmar Agri Foods Co., Ltd ၏ အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်တင်ပို့နေမှုလုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး) တက်ရောက်ခွင့်ရသူများစာရင်းထုတ်ပြန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှပြုလုပ်သည့် မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အားတက်ရောက်ခွင့်ရသူများအမည်စာရင်းကိုအသိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါ အကယ်ဒမီ၌တက်ရောက်ခွင့်ရရန် လူရွေးချယ်ပွဲများကို ရန်ကုန်ဇုန်နှင့် မန္တလေးဇုန်တို့အဖြစ်ပြုလုပ်ခဲ့ပြီးနောက် ယူ-၁၂ နှင့် ယူ-၁၃...

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင်တင်သွင်းတင်ပို့မှုများမရှိစေရေး အလေးထားဆောင်ရွက်ရန် စီးပွားကူးသန်းဝန်ကြီးမှာကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၂)မှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးသည်...
HomeMoviesမြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်...

မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ပဉ္စမအကြိမ် မူဝါဒရေးရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ အ မြင်ချင်းဖလှယ် ဆွေးနွေး

ပဉ္စမအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းအစည်းအဝေးကို မေ ၁၈ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လီယို အမ် ဟာရီရာ လင်းမ်တို့ ဦးဆောင်ကျင်းပခဲ့ပြီး နှစ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုခိုင်မာလာစေရေး၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအနက် အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ဒေသတွင်းအပေါ် သက်ရောက်မှုများအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် အခြားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးအပြီးတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ကာ သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်းများ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်း များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊ မင်းကတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဦးဆောင်ကျင်းပသူ ဦးဥဇ္ဇောတကက “စည်းလုံးညီညွတ်ခြင်း၏ မှတ်တိုင်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီ” ဟု မိန့်ကြားခဲ့သည်။ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဦးဥဇ္ဇောတကက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားခဲ့သည်။ ထို့နောက် ကျောင်းသားဟောင်းမထေရ်ကြီး ဘဒ္ဒန္တခေမိန္ဒ (ဓမ္မပါရဂူ) က အဖွင့်ဩဝါဒကထာ မိန့်ကြားခဲ့ပြီး ကျောင်းသားဟောင်းဆရာတော်များက တစ်ပါးချင်း မိတ်ဆက်လျှောက်ထားခဲ့ကြသည်။ ဆက်လက်၍...

ပြည်ပဝင်ငွေတိုးစေမည့် Myanmar Agri Foods Co., Ltd အေးခဲဟင်းသီးဟင်းရွက်ထုတ်လုပ်မှုလုပ်ငန်းအား နိုင်ငံတော်သမ္မတ ကြည့်ရှု

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာရှိ Myanmar Agri Foods Co., Ltd ၏ အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်တင်ပို့နေမှုလုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီသည် ကန်ထရိုက်လယ်ယာစိုက်ခင်းများမှ ရရှိသည့် ကုန်ကြမ်းများကို ၉၉ ရာခိုင်နှုန်းအထိ အသုံးပြု၍ ရုံးပတီသီး၊ ဟင်းနုနွယ်၊ ဘိုစားပဲ၊ သရက်သီးနှင့် ပဲမျိုးစုံအပါအဝင် ဟင်းသီးဟင်းရွက်မျိုးစုံကို အေးခဲထုတ်ကုန်အဖြစ် ထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။ ထို့ပြင် အခြေခံလူတန်းစားများ၏ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရေး ဆောင်ရွက်ပေးနိုင်မှု၊...

ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး) တက်ရောက်ခွင့်ရသူများစာရင်းထုတ်ပြန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှပြုလုပ်သည့် မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အားတက်ရောက်ခွင့်ရသူများအမည်စာရင်းကိုအသိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါ အကယ်ဒမီ၌တက်ရောက်ခွင့်ရရန် လူရွေးချယ်ပွဲများကို ရန်ကုန်ဇုန်နှင့် မန္တလေးဇုန်တို့အဖြစ်ပြုလုပ်ခဲ့ပြီးနောက် ယူ-၁၂ နှင့် ယူ-၁၃ အတွက် တိုင်းနှင့် ပြည်နယ်များမှတက်ရောက်ခွင့်ရသူ (၂၅)ဦး၊ ယူ-၁၄ နှင့် ယူ-၁၅ အတွကိ တိုင်းနှင့် ပြည်နယ်များမှ တက်ရောက်ခွင့်ရသူ (၂၈)ဦးတို့၏ အမည်စာရင်းများကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် စာရွက်စာတမ်းပြည့်စုံမှု၊ ဆေးစစ်ချက်အောင်မြင်မှုနှင့် ကွင်းအတွင်းလက်တွေ့စွမ်းဆောင်ရည်ကိုက်ညီမှုတို့ကြောင့် တက်ရောက်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။ MFF က မြန်မာ့အမျိုးသမီးဘောလုံးလောကတိုးတက်စေရန်နှင့် မျိုးဆက်သစ်ကစားသမားကောင်းများ စနစ်တကျမွေးထုတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး) ကိုဖွင့်လှစ်ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071