ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းတောင့်ရှိ Inno City ၌ မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းရုံးခန်းကို ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဒု-ပါမောက္ခ ချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တဇောတိကအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပ ရိတ်တရားတော်များကိုရွတ်ဖတ်ပေးတော်မူကြပြီးနောက် မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးတင်ဝင်း(သံအမတ်ကြီး-ငြိမ်း)နှင့် အဖွဲ့ဝင်များကလှူ ဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ မြန် မာ-ထိုင်းချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌ(၁)ဗိုလ်မှူးချုပ်ဝင်းမောင်(သံအမတ်ကြီး-ငြိမ်း)၊ အတွင်းရေးမှူးဦးမျိုးမင်းဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှသံရုံးယာယီတာဝန်ခံ Mr.Yordying Suposri တို့တက်ရောက်ခဲ့ကြသည်။
Photo-Ko Aung Myint
