Saturday, July 5, 2025

ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်အလုံးရေ ငါးသောင်းခွဲနီးပါး...

ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောသည်။ ကျင်းပတော့မည့် ရွေးကောက်ပွဲ၌...

မိုး/ဇလ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင်ကောလဟာလဖြန့်ချိသူများကို ထိရောက်စွာ...

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင် ကောလာဟာလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာန၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီက ကောလာ...

MNL League Cup 2025...

ယခုလ ဇူလိုင် ၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည့် MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ကြို/ပို့ ယာဉ်များ...

ငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများ...

မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် တိုင်းဒေသကြီးများမှ ပျ-က်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပျ-က်စီးထိခို-က်မှုစာရင်းများကို ကောက်ယူနေကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ကောက်ယူနေသော တိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ဖြစ်သည်။ ကောက်ယူမှုတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်...
HomeNewsLocal Newsမြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေသည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး၏သံအမတ်ကြီးကဇာတ်လမ်းပုံပြင်များစုစည်းမှုစာအုပ်မိတ်ဆက်ခြင်းအခမ်းအနား၌ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ၏အဓိကအကျိုးစီးပွားများနှင့်အရေးကြီးသောကိစ္စရပ်များကိုအချင်းချင်းအခိုင်အမာထောက်ခံ၍စီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊အခြေခံအဆောက်အအုံ၊လျှပ်စစ်နဲ့ စွမ်းအင်၊ ပြည်သူအကျိုးပြုဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုရေး၊ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဉ်ဆက်မပြတ်ရရှိခဲ့သည်ဟုပြောသည်။

ထို့ပြင်အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုကဲ့သို့သောနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုလည်း ပူးပေါင်းတိုက်ဖျက်ခဲ့ကြကာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅နှစ်တာကာလအတွင်း COVID(19)ရောဂါအားလက်တွဲပူးပေါင်းပြီးတိုက်ဖျက်ခဲ့ပြီးသဘာဝဘေးအန္တရာယ်များကိုလည်း တက်ညီလက်ညီကျော်လွှားနိုင်ခဲ့ကြသည်ဟုပြောသည်။

” နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅ နှစ်တာကာလမှာအေးအတူပူအမျှလက်တွဲရပ်တည်ဖို့ဆိုတာမလွယ်ဘူးလို့ အားလုံးခံစားရပြီးနှစ်နိုင်ငံဆက်ဆံရေး၊ကျန်းမာတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်အားနဲ့ဖြစ်ဖြစ်လူအားနဲ့ဖြစ်ဖြစ်အားထုတ်ကြိုးပမ်းနေကြပါတယ်”ဟုတရုတ်သံအမတ်ကြီးက ပြောသည်။

ထို့ပြင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်မှလည်းမြန်မာနိုင်ငံနှင့်အတူလက်တွဲကြိုးစား၍နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း၇၅ နှစ်မြောက်အထိမ်းအမှတ်ကိုသော့ချက်အဖြစ် “Belt and Road”ပူးပေါင်းဆောင်ရွက်မှုကိုအရည်အသွေးမြင့်ဖြင့်အရှိန်မြှင့်တင်ဆောင်ရွက်ပြီးကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ(GDl)၊ ကမ္ဘာလုံးဆိုင် ရာလုံခြုံရေးအစီအမံ(GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူ သားယဉ်ကျေးမှုအစီအမံ(GCI)ကိုအတူအကောင်ထည်ဖော်ကာတရုတ်မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းအား ပိုမိုနက်ရှိုင်းစွာ၊လက်တွေ့ကျစွာတိုးမြှင့်လုပ်ဆောင်ပြီးနှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုမှုများပိုမိုဆောင်ကြဉ်းပေးသွားရန်ဆန္ဒရှိကြောင်း အလေးပေးပြောကြားခဲ့သည်ဟုလည်း တရုတ်သံအမတ်ကြီးကပြောကြားခဲ့သည်။

ထို့အတူမြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက်တရုတ်စိုက်ပျိုးရေးပညာရှင်များမှမြန်မာနိုင်ငံတွင်စပ်မျိုးနည်းပညာများကိုတက်သိသမျှအကုန်သင်ကြားပေးခဲ့ကာမြန်မာနိုင်ငံမှလတ်ဆက်သောရေ ထွက်ကုန်များ၊သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကိုအရည်သွေးမြင့်သောအအေးခန်းထောက်ပံ့ပို့ဆောင်မှုမှတစ်ဆင့်တရုတ်လူမျိုးများ၏ ထမင်းစားပွဲများသို့ တိုက်ရိုက်ပို့ဆောင်ပေးနေသည်ဟုလည်းတရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်အလုံးရေ ငါးသောင်းခွဲနီးပါး ထုတ်လုပ်မည်

ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောသည်။ ကျင်းပတော့မည့် ရွေးကောက်ပွဲ၌ စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဆိုပါမဲပေးစက်ကို ရွေးကောက်ပွဲတွင် အမှားအယွင်းမရှိ မဲမသမာမှုမဖြစ်စေရန် ရည်ရွယ်ကာ စမ်းသပ်တီထွင်ခဲ့ခြင်းဖြစ်သည်။ MEVM စက်၏အားသာချက်သည် လာရောက်မဲပေးသူများတိကျမှန်ကန်စွာ မဲပေးနိုင်ခြင်း၊ မဲစာရင်းများကို လွယ်ကူလျင်မြန်စွာရေတွက်နိုင်ခြင်း၊ ပယ်မဲမရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံး၌ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍...

မိုး/ဇလ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင်ကောလဟာလဖြန့်ချိသူများကို ထိရောက်စွာ အရေးယူမည်

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင် ကောလာဟာလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာန၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီက ကောလာ ဟာလသတင်းများဆိုင်ရာ အသိပေးချက်အနေဖြင့် အသိပေးထုတ်ပြန်ထားသည်။ ကောလာဟလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ တည်ဆဲဆက်သွယ်ရေးဥပဒေအရလည်းကောင်း၊ တည်ဆဲသဘာဝဘေးစီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း၊ အခြားသက်ဆိုင်ရာ အကျုံးဝင်သည့် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းအသိပေးချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ယင်းကဲ့သို့ ကောလာဟလဖြန့်ချိသော လူမှုကွန်ယက်စာမျက်နှာနှင့် အကောင့်များအား weathermyanmar-meteorology@hotmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်သည်ဟု ဆိုသည်။ ယင်းအပြင် ပြည်သူလူထုအနေဖြင့် မိမိတို့ကြားသိထားကြသော သတင်းများအား...

MNL League Cup 2025 ဗိုလ်လုပွဲအတွက် ရန်ကုန်ယူနိုက်တက်အသင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးမည်

ယခုလ ဇူလိုင် ၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည့် MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ကြို/ပို့ ယာဉ်များ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ယင်းသည် ရန်ကုန်ယူနိုက်တက်အသင်း၏ ပရိသတ်များအတွက် သွားလာရေး လွယ်ကူစေရန် ကြို/ပို့ယာဉ်များကို အသင်းက စီစဉ်ပေးခြင်းဖြစ်ပြီး၊ လိုက်ပါမည့်သူများအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းတည်ရှိရာ Yangon United Sports Complex၊ လှိုင်မြို့နယ် (သံလမ်းမှတ်တိုင်အနီး)သို့ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် အရောက်လာကြရန် နှိုးဆော်ထားသည်။ ထို့အပြင် အကြို/အပို့ကားများကို လှိုင်မြို့နယ်မှ သုဝဏ္ဏဘောလုံးကွင်းအထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071