ထိုင်းဆီးဂိမ်းအတွက် အောင်မြင်မှုရရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် နည်းပြချုပ်၊ အမျိုးသားအသင်းအတွက် ဂိုးနည်းပြနှင့် ယနေ့ (ဇွန်၂၇)တွင် စာချုပ်ချုပ်ဆိုခဲ့သည်။
ခေါ်ယူစာချုပ်ချုပ်လိုက်သူများမှာ ထိုင်းလူမျိုးများဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် နည်းပြချုပ်အဖြစ် Mr.Prasert Innui၊ အမျိုးသား အသင်းအတွက် ဂိုးနည်းပြအဖြစ် ဂိုးနည်းပြ Mr. Saksri Sokanthika တို့ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လာမည့် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆီးဂိမ်းကာလ ပြီးဆုံးသည်အထိ နည်းပြချုပ်အဖြစ် ထိုင်းလူမျိုး Mr.Prasert Innui ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ၂၀၂၆ အာရှဖူဆယ် ပြိုင်ပွဲခြေစစ်ပွဲနှင့် ဒီဇင်ဘာလတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်း၏ ဂိုးနည်းပြအဖြစ် ထိုင်းလူမျိုးနည်းပြ Mr. Saksri Sokanthika ကို ခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။