မြန်မာ့လက်ရွေးစင်လူငယ်အသင်း(၃)သင်းဖြစ်သည့် ယူ-၁၆ အသင်း၊ ယူ-၁၇ အသင်းနှင့် ယူ-၁၉ အသင်းတို့မှ ကစားသမားများပွဲထွက်ခွင့်နှင့် ပြိုင်ပွဲအတွေ့အကြုံပိုမိုရရှိစေရန် ပြည်တွင်းအမှတ်ပေးလိဂ်ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ယူ-၁၆ အသင်းသည် Galaxy FC အမည်နှင့် MNL U-20 League ပြိုင်ပွဲ၊ ယူ-၁၇ အသင်းသည် Falcon FC အမည်နှင့် MNL U-20 League ပြိုင်ပွဲ၊ ယူ-၁၉ အ သင်းသည် Junior Lions FC အမည်နဲ့ MNL League II ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြင့် လက်ရွေးစင်ကစား သမားများ အတွေ့အကြုံသစ်ပိုမိုရရှိစေမည်ဖြစ်သည့်အပြင် နိုင်ငံတကာပြိုင်ပွဲများအတွက် အကောင်းဆုံး ပြင်ဆင်မှုတစ်ရပ်လည်းဖြစ်သည်။
