Saturday, July 5, 2025

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန...

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက်...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက်...

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး...

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ...
HomeNewsLocal Newsမြန်မာအမျိုးသမီးအသင်း သတိထားယှဉ်ပြိုင်ရမည့် ဘင်္ဂလားဒေ့ရှ်...

မြန်မာအမျိုးသမီးအသင်း သတိထားယှဉ်ပြိုင်ရမည့် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်း

၂၀၂၆ အာရှဖလားဝင်ရောက်ခွင့် အုပ်စုအဆင့် ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန် ၂၉ ရက်မှ စတင်ကျင်းပပြုလုပ်ခဲ့သည်။

အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြသလို ၊ ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ဘာရိန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

မြန်မာအသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်းပွဲစဉ်တွင် မြန်မာအသင်းက ပြိုင်ဘက် တာ့ခ်မင်နစ္စတန်အသင်းကို (၈)ဂိုးပြတ်ဖြင့် အနိုင်ရရှိထားပြီး၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘာရိန်းပွဲစဉ်တွင် ဘင်္ဂလားဒေ့ရှ်အသင်းက ပြိုင်ဘက်ဘာရိန်းအသင်းကို (၇)ဂိုးပြတ်ဖြင့် အနိုင်ရယူထားသည်။

လာမည့် ဇူလိုင်၂ ရက်နေ့တွင် မြန်မာအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် သတိထား၍ ယှဉ်ပြိုင်ကစားရမည့် ပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည်ကို တွေ့မြင်ရသည်။

မြန်မာအသင်းအနေဖြင့် ဖီဖာအဆင့်သတ်မှတ်ချက်အဆင့် ၅၅ နေရာတွင်ရပ်တည်နေကာ ပြည်တွင်းလိဂ်ကလပ်များရှိ ကစားသမားများဖြင့်အဓိကဖွဲ့စည်းထားသည်။

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ထိပ်တိုက် တွေ့ဆုံရမည့် ဘင်္ဂလားဒေရှ့် အသင်းသည် ဖီဖာအဆင့် (၁၂၈)ရှိကာ အင်္ဂလန်သား ပရီမီးယားလိဂ် ကစားသမားဟောင်းနည်းပြ ပီတာဘတ္တလာက တာဝန်ယူကိုင်တွယ်နေကာ ကစားသမား အားလုံးမှာ ဘင်္ဂလားဒေရှ့် အမျိုးသမီးလိဂ် ပြည်တွင်းကစားသမား များဖြင့်ဖွဲ့စည်းထားသော အသင်းတစ်သင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား ပြန်လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဇူလိုင် ၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပြီးနောက် ရာပြည့်အဆောက်အအုံအား ရှေးဟောင်းအဆောက်အအုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပထမအဆင့်ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။ အဆိုပါ လယ်ယာစက်မှုဌာနအဆောက်အအုံ(ရာပြည့်အဆောက်အအုံ)အား ၁၉၂၃ ခုနှစ်တွင် စိုက်ပျိုးရေးကျောင်းသစ်အဖြစ်ဆောက်လုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းစသည့် လယ်ယာလုပ်ငန်းသုံးစက်မှုပညာရပ်များကို သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့်သင်ကြားပေးခဲ့သည့်နေရာဖြစ်သည်။ ယင်း အဆောက်အအုံကြီးအား သာသနာရေးနှင့်...

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက် ညနေပိုင်းက လှေလုံးကွဲကျေးရွာတွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဦးသန့်ဇော်ဦးသည်လယ်ယာလုပ်ငန်းခွင်ကအပြန် နေအိမ်အရှေ့ချောင်းစပ်တွင် အလျား ၁၅ပေခန့် ဗျပ်သုံးပေခန့်မိကျောင်းတစ်ကောင်က ရေထဲသို့ဆွဲချသွားခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။ ထိုနောက် ဇူလိုင် ၃ရက်နေ့တွင်လည်း ညနေ ၃နာရီကျော်တွင် အသက် ၁၆ နှစ်အရွယ် မောင်ဇော်ဇော်အောင်ကို ရွာကင်းတဲတံတားအနီး ရေချိုးဆင်းချိန် မိကျောင်းက ထပ်မံ ဆွဲချသွားကြောင်း...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ စင်ကာပူ MOPS ဈေးနှုန်း၊ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းတို့အပေါ်မူတည်ပြီး စက်သုံးဆီ ရည်ညွှန်းလက်လီဈေးများကို အပတ်စဉ် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလောင်စာဆီဈေးနှုန်း တည်ငြိမ်စေရန် ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071