Saturday, July 5, 2025

တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကောက်ခွန်လုပ်ငန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆွေးနွေး

တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကောက်ခွန်လုပ်ငန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ယမန်နေ့ ဇူလိုင် ၄ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကို တရုတ်နိုင်ငံနန်နင်းမြို့၊...

ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်အလုံးရေ ငါးသောင်းခွဲနီးပါး...

ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောသည်။ ကျင်းပတော့မည့် ရွေးကောက်ပွဲ၌...

မိုး/ဇလ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင်ကောလဟာလဖြန့်ချိသူများကို ထိရောက်စွာ...

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင် ကောလာဟာလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာန၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီက ကောလာ...

MNL League Cup 2025...

ယခုလ ဇူလိုင် ၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည့် MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ကြို/ပို့ ယာဉ်များ...
HomeNewsLocal News‌‌‎မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း၌ အသက်ဆုံးရှုံးစေနိုင်သည့်...

‌‌‎မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း၌ အသက်ဆုံးရှုံးစေနိုင်သည့် ရောဂါများကိုတို-က်ဖျ-က်ရန် သြစတြေးလျက ဒေါ်လာ ၃၈၆ သန်း ပံ့ပိုးပေးမည်

သြစတြေးလျအနေဖြင့် မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း၌ အသက်ဆုံးရှုံးစေနိုင်သည့် ရောဂါများကိုတို-က်ဖျ-က်ရန် သြစတြေးလျက ဒေါ်လာ ၃၈၆ သန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက ထုတ်ပြန်ထားသည်။

၂၀၂၆ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ မြန်မာနိုင်ငံအပါအဝင် မိမိတို့ဒေသတွင်းနှင့် ကမ္ဘာတစ်လွှား၌ အသက်ဆုံးရှုံးစေနိုင်သည့်ရောဂါများကိုတို-က်ဖျ-က်ရန်အတွက် Gavi, the Vaccine Alliance များ၏ ရေးကြီးသောလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ဒေါ်လာ ၃၈၆ သန်းကို ပံပိုးပေးအပ်မည်ဖြစ်သည်။

Gavi သည် ကမ္ဘာတစ်လွှားရှိ ကလေးငယ် ၁.၁ ဘီလီယံကျော်ကိုကာကွယ်‌ဆေးထိုးနှံပေးခဲ့ပြီး အသက်ပေါင်း ၁၈.၈ သန်းကျော်ကိုကယ်ဆယ်နိုင်ခဲ့သည့် public-private partnership တစ်ခုဖြစ်သည်။

အာရှနှင့် ပစိဖိတ်ဒေသအတွင်း ကလေးငယ် ၆၃၃ သန်းကျော်ကိုကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အသက်ပေါင်း ၆ သန်းကျော်ကိုကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလကစပြီး ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်မိခင်သန်းပေါင်းများစွာအတွက် ကာကွယ်ဆေးများရရှိအောင်ကူညီလျက်ရှိကြောင်း၊ ယင်းအပြင် မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဆော်လမွန်ကျွန်းနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုလက်လှမ်းမီရရှိအောင်ကူညီဆောင်ရွက်ခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကြောင့်‌ေ-သဆုံးမှု ၂၇,၀၀၀ ကျော်ကို Gavi က တားဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာတစ်လွှား မသေချာမရေရာမှုများမြင့်တက်နေချိန်တွင် သြစတြေးလျအနေဖြင့် မြန်မာနိုင်ငံအပါအဝင် အနီးဆုံးအိမ်နီးချင်းနိုင်ငံများ အသက်ကယ်ကာကွယ်ဆေးများရရှိနိုင်ရန်အတွက် Gavi နှင့်အတူပူးပေါင်းကာ ကူညီပံ့ပိုးပေးသည်ကို ဝမ်းမြောက်ကြောင်းဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကောက်ခွန်လုပ်ငန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆွေးနွေး

တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကောက်ခွန်လုပ်ငန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ယမန်နေ့ ဇူလိုင် ၄ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကို တရုတ်နိုင်ငံနန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် နန်နင်းအကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့  နန်နင်းအကောက်ခွန်ဦးစီးဌာန၌တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား သွင်းကုန်နှင့် ပို့ကုန်အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နေမှု ၊ အာဆီယံနှင့် တရုတ်နိုင်ငံအကြား တိရစ္ဆာန်နှင့် အပင်ပိုးမွှားကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆက်လက်ချဲ့ထွင်ဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် (၂၂)...

ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်အလုံးရေ ငါးသောင်းခွဲနီးပါး ထုတ်လုပ်မည်

ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောသည်။ ကျင်းပတော့မည့် ရွေးကောက်ပွဲ၌ စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဆိုပါမဲပေးစက်ကို ရွေးကောက်ပွဲတွင် အမှားအယွင်းမရှိ မဲမသမာမှုမဖြစ်စေရန် ရည်ရွယ်ကာ စမ်းသပ်တီထွင်ခဲ့ခြင်းဖြစ်သည်။ MEVM စက်၏အားသာချက်သည် လာရောက်မဲပေးသူများတိကျမှန်ကန်စွာ မဲပေးနိုင်ခြင်း၊ မဲစာရင်းများကို လွယ်ကူလျင်မြန်စွာရေတွက်နိုင်ခြင်း၊ ပယ်မဲမရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံး၌ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍...

မိုး/ဇလ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင်ကောလဟာလဖြန့်ချိသူများကို ထိရောက်စွာ အရေးယူမည်

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင် ကောလာဟာလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာန၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီက ကောလာ ဟာလသတင်းများဆိုင်ရာ အသိပေးချက်အနေဖြင့် အသိပေးထုတ်ပြန်ထားသည်။ ကောလာဟလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ တည်ဆဲဆက်သွယ်ရေးဥပဒေအရလည်းကောင်း၊ တည်ဆဲသဘာဝဘေးစီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း၊ အခြားသက်ဆိုင်ရာ အကျုံးဝင်သည့် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းအသိပေးချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ယင်းကဲ့သို့ ကောလာဟလဖြန့်ချိသော လူမှုကွန်ယက်စာမျက်နှာနှင့် အကောင့်များအား weathermyanmar-meteorology@hotmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်သည်ဟု ဆိုသည်။ ယင်းအပြင် ပြည်သူလူထုအနေဖြင့် မိမိတို့ကြားသိထားကြသော သတင်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071