Sunday, May 24, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် တရုတ်နိုင်ငံသား (၂၇)ဦးကို ပြည်နှင်နိုင်ရေးစစ်ဆေး လဝက...

ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား(၂၇)ဦီးကိုထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆...

ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ...

အဆိုပါ ဖြစ်စဉ်ကြောင့် Orange County မီးသတ်ဌာနက မီးလောင်မှုဖြစ်ပွားရာ ဝန်းကျင်တစ်ဝိုက်ရှိ ဒေသခံပြည်သူ ၅၀,၀၀၀ (ငါးသောင်း) ခန့်အား ဘေးကင်းရာသို့ အရေးပေါ်...

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် ဇီဝဓာတ်ငွေ့လျှပ်စစ်ထုတ်လုပ်ရေး နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်အညစ်အကြေးများမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ကာ လျှပ်စစ်မီးအဖြစ်...

ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းကုသမှုဆောင်ရွက်၊ ကျေးရွာပြည်သူ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊...
HomeNewsLocal Newsမြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း...

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်း ဒီပလိုမာသင်တန်းများဖွင့်မည်

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ အရာရှိလောင်း ဒီပလိုမာသင်တန်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

နှစ်နှစ်ကြာတက်ရောက်ရမည့် ထိုသင်တန်းများမှာကုန်သွယ် ရေကြောင်းအရာရှိလောင်းသင်တန်း (CD/52)၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်းသင်တန်း (CE/50) နှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်း (CME/05) တို့ဖြစ်သည်။

သင်တန်းများမှ ပြီးဆုံးပါက ပေးအပ်မည့် ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာဒီပလိုမာ (Diploma in Nautical Studies)၊ ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ်နည်းပညာဒီပလိုမာ (Diploma in Marine Electrical Technology)တို့ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၂၁) နှစ်အထက် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကာ ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းနှင့် ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်းသင်တန်းများအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၄၀၀) ရှိရမည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၃၉၀) ရှိရမည်ဖြစ်သည်။

အဆိုပါ သင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်မှစပြီး ဩဂုတ်လ (၃၀) ရက်အထိ ကျောင်းတွင် သွားရောက်လျှောက်ထားနိုင်သည်။

ဖွင့်လှစ်သင်ကြားပေးမည့် အရာရှိဒီပလိုမာသင်တန်းများတွင် ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းအတွက် (၁၃၀) ဦး၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း (၁၃၀) ဦးနှင့် ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် (၄၀) ဦးတို့ အသီးသီးလက်ခံသွားမည်ဖြစ်သည်။

ဘုရင့်နောင်လမ်းမ၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် သင်တန်းဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို မော်ကွန်းထိန်းရုံး၊ဖုန်း-၀၉၄၀၃၇၃၇၉၇၀၊ သင်တန်းဌာနဖုန်း-၀၉၉၈၆၃၄၀၅၅၇ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်မေးမြန်းနိုင်သည့်အပြင် Website www.mmmc.edu.mm နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်-MMMC Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် တရုတ်နိုင်ငံသား (၂၇)ဦးကို ပြည်နှင်နိုင်ရေးစစ်ဆေး လဝက ဥပဒေ၊ မူးယစ်ဥပဒေတို့ဖြင့်အရေးယူထားသည့် ပြည်ပနိုင်ငံသား(၆၆၂)ဦးရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား(၂၇)ဦီးကိုထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၂၄ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄,၆၈၅)ဦးကိုထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် (၁၃,၅၂၁)ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁,၁၆၄)ဦးတွင် လူဝင်မှုကြီးကြပ်ရေး(လတ်တလော) ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား(၆၆၂)ဦးရှိကြောင်း သိရသည်။ ထို့ကြောင့်...

ကယ်လီဖိုးနီးယားပြည်နယ် Garden Grove မြို့ရှိ စက်ရုံတစ်ခုတွင် ဓာတုပစ္စည်းပါသော မီးလောင်မှုဖြစ်ပွား၍ အရေးပေါ်အခြေအနေကြေညာ၊ ဒေသခံ ၅ သောင်းခန့် ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးအမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Orange County၊ Garden Grove မြို့ရှိ စက်ရုံတစ်ခုတွင် Methyl methacrylate (မီသိုင်း မက်သကရီလိတ်)...

အဆိုပါ ဖြစ်စဉ်ကြောင့် Orange County မီးသတ်ဌာနက မီးလောင်မှုဖြစ်ပွားရာ ဝန်းကျင်တစ်ဝိုက်ရှိ ဒေသခံပြည်သူ ၅၀,၀၀၀ (ငါးသောင်း) ခန့်အား ဘေးကင်းရာသို့ အရေးပေါ် ပြောင်းရွှေ့ကြရန် သတိပေးချက် ထုတ်ပြန်ထားပြီး၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ကလည်း Orange County အတွင်း မေလ ၂၃ ရက်နေ့တွင် အရေးပေါ်အခြေအနေ (State of Emergency) အဖြစ် တရားဝင် ကြေညာထားသည်။ မြန်မာနိုင်ငံသားများအတွက် လော့စ်အိန်ဂျလိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး သတိပေးချက် လော့စ်အိန်ဂျလိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကလည်း Orange...

မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် ဇီဝဓာတ်ငွေ့လျှပ်စစ်ထုတ်လုပ်ရေး နိုင်ငံတော်သမ္မတ တိုက်တွန်း

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိရစ္ဆာန်အညစ်အကြေးများမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်ကာ လျှပ်စစ်မီးအဖြစ် ပြန်လည်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရွှေမြို့မွေးမြူရေးဇုန်ရှိ Sunlight Venture Co., Ltd. ၏ ဆိတ်မွေးမြူရေးခြံ၊ ယင်းဇုန်အတွင်းရှိ နယ်မြေခံတပ်ရင်း၏ ဝက်မွေးမြူရေးခြံ၊ တပ်ကုန်းမြို့နယ် အမှတ်(၁)ကံကြီးမွေးမြူရေးဇုန်ရှိ ဦးတွမ်ခင်ဝင်း၏ ဖန်ဟွနို့စားနွားမွေးမြူရေးခြံ၊ ဦးမြတ်စံ၏ ကြက်မွေးမြူရေးခြံနှင့် ဦးတင်မြိုင်၏ အသားတိုးဝက်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီမွေးမြူရေးစနစ်များ ကျင့်သုံးရန်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071