မြန်မာနိုင်ငံ၏ ပထမဆုံး ပိုက်ကျော်ခြင်းလိဂ်(Myanmar Se paktakraw League -MSL 2026)ပြိုင်ပွဲကို ယနေ့ မတ်လ (၁၄) ရက်တွင် ရန်ကုန်မြို့ သု၀ဏ္ဏ ပိုက်ကျော်ခြင်း အားကစားရုံတွင် ကျင်းပသွားခဲ့သည်။
ယနေ့ ပြိုင်ပွဲတွင် မနက်ပိုင်းပွဲစဉ် အဖြစ် ADARKHORSE(ရန်ကုန်) နှင့် ဆန်းညွန့်ကလပ်(မန္တလေး)နှစ်သင်းယှဉ်ပြိုင်မှု၌ ADARKHORSE အသင်းက အနိုင်ရရှိသွားသည်။
ပြိုင်ပွဲကို မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ရွှေသံလွင်မီဒီယာတို့မှ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ လာရောက်အားပေးမည့် ပရိသတ်များအတွက်လည်း ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာပထမဆုံး ပိုက်ကျော်ခြင်လိဂ်ပြိုင်ပွဲကြီး၏ ပွဲစဉ်အချို့ကို SKYNET YouTube Channel မှလည်း တိုက် ရို-က်ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်း အသိပေးထားသည်။
Photo -M21 sport
