မြန်မာနိုင်ငံ၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအား ပြည်သူ့ရေးရာကောင်စီမှလာရောက်လေ့လာနိုင်သည့် အခြေအနေများကို ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရုရှားနိုင်ငံမှ ရုရှားကာကွယ်ရေးဝန်ကြီးဌာ န ပြည်သူ့ရေးရာကောင်စီဥက္ကဋ္ဌ Mr. Pavel Nikoleaevich GUSEV တို့ဆွေးနွေးခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် မတ် (၂၇) ရက်နံနက်ပိုင်းက နေ ပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည် တော်)အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာသည့်အခြေအနေများ၊ ပြည်သူ့ရေးရာကောင်စီအနေဖြင့် ရုရှားတပ်မတော်နှင့် ပြည်သူလူထုအကျိုးပြုလုပ် ငန်းများဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လေ့လာရေးခရီးစဉ်များအဖြစ် နှစ်နိုင်ငံလူငယ်များကို အပြန်အလှန်စေလွှတ်ပေးရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်သူ့ရေးရာကောင်စီမှလာရောက်လေ့လာနိုင်သည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရုရှားနိုင်ငံမှ ရုရှားကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ရေးရာကောင်စီဥက္ကဋ္ဌ Mr. Pavel Nikoleaevich GUSEV ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့သည် တပ်မတော်စစ်သမိုင်းပြတိုက်(နေ ပြည်တော်)ရှိ ပြခန်းများအားလေ့လာကြည့်ရှုရာ တာဝန်ရှိသူများကရှင်းလင်းပြသခဲ့ကြသည်။