မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်ရန် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေမှ ဇွန် ၂၇ ရက်က ပေကျင်းမြို့၊ CP Group Center ၌ ကုလသမဂ္ဂဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအထိမ်းအမှတ်နေ့အဖြစ် ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ်မြောက် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းညီလာခံတွင်မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ယခုကျင်းပသော ညီလာခံသည် နိုင်ငံများကြား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့အတွက် အဓိကကျသောအခန်းကဏ္ဍမှပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကျိုးရလဒ်များထွက်ပေါ်လာစေမည့် သက်သေအထောက်အထားတစ်ခုဖြစ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝင်ငွေတိုးတက်မှုရရှိစေရေးအတွက် ဒေ သအလိုက် ဆန်းသစ်တီထွင်၍ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်များဖန်တီးထုတ်လုပ်ခြင်းဖြင့် MSMEs လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုမဟာဗျူဟာဖြင့် ဒေသထွက်ကုန်များထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထိုပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် MSMEs ကုန်စည်ပြပွဲများကို အခါအားလျော်စွာ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံရှိ MSMEs ထုတ်ကုန်များ အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ရေး၊ အလုပ်သမားများ အရည်အသွေးတိုးမြှင့်ရေးတို့အတွက် နည်းပညာရပ်ဆိုင်ရာသင်တန်းများပေးခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူး ပေါင်းဆောင်ရွက်ခြင်းတို့ လာရောက်ဆောင်ရွက်ရန်ဖိတ်ခေါ်သည်ဟုလည်း မြန်မာသံအမတ်ကြီးကဖိတ်ခေါ်ပြောကြားခဲ့သည်။
ညီလာခံဖွင့်ပွဲသို့ CPC ဗဟိုကော်မတီအပြည်ပြည်ဆိုင်ရာဌာန၏ လက်ထောက်ဝန်ကြီး၊ ပါတီကော်မတီအတွင်းရေးမှူးနှင့် တရုတ်နိုင်ငံအထွေထွေကုန် သည်ကြီးများအသင်းဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားကူးသန်းရောင်းဝယ် ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းတည်ထောင်သူဥက္ကဋ္ဌ၊ ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးရေးရာဖွံ့ ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးနှင့် တရုတ်နိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြသည်။