Saturday, July 5, 2025

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက်...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက်...

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး...

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ...

ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်း ယာယီ၀န်ကြီးချုပ်တာဝန် စတင်ထမ်း​ဆောင်

ထိုင်းအစိုးရအဖွဲ့ အ​ပြောင်းအလဲများသည် ယခုရက်ပိုင်းအတွင်း လျှင်မြန်စွာ ​ပြောင်းလဲ​နေရာ တာဝန်မှ ​​ခေတ္တဆိုင်းငံ့ထား​သော ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်၏ ​နေရာကိုအသက် ၇၁ နှစ်အရွယ်ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး...
HomeNewsLocal Newsမြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့်သက်ဆိုင်သောအသင်းအဖွဲ့များတွင် တက်ကြွ၍အရည်အချင်းပြည့်ဝသော...

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့်သက်ဆိုင်သောအသင်းအဖွဲ့များတွင် တက်ကြွ၍အရည်အချင်းပြည့်ဝသော အမျိုးသမီးများ၊ လုပ်ငန်းရှင်များဦးဆောင်ပါဝင်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့်သက်ဆိုင်သောအသင်းအဖွဲ့များတွင် တက်ကြွ၍အရည်အချင်းပြည့်ဝသော အမျိုးသမီးများ၊ လုပ်ငန်းရှင်များဦးဆောင်ပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာ -တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မူဆယ်ရုံးခွဲ ဥက္ကဋ္ဌ ဦးခင်ဦး(ခ)ဦးရှင်ဖူးက ပြောသည်။

မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅) နှစ် မြောက် အထိမ်းအမှတ်အပြည်ပြည်ဆိုင်ရာအ မျိုးသမီးများနေ့အား မတ် ၈ ရက်က တယ်ဟုန်ပြည်နယ် အုပ်ချုပ်ရေးအစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဒု-ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်စဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေ-းစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးစွမ်းဆောင်ရှင်များအဖွဲ့၊ အမျိုးသမီးများအကြ-မ်းဖက်ခံရမှုတိုက်ဖျက်ရေးအဖွဲ့ စသည့်အသင်းအဖွဲ့များ၌ တက်ကြွ၍ အရည်အချင်းပြည့်ဝသော အမျိုးသမီးများ၊ လုပ်ငန်းရှင်များဦးဆောင်ပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

အဆိုပါ အမျိုးသမီးများ၏ လူ့အဖွဲ့အစည်းဂုဏ် သိက္ခာမြှင့်တင်စေရေးလုပ်ငန်းများတွင် မိမိတို့အသင်းမှ လူမှုဝန်ထမ်းစိတ်ဖြင့်ပါဝင်၍ အမျိုး သမီးများ အခွင့်အရေးနှင့် ကာကွယ်စောင့် ရှောက်မှုများ၊ ဘဝလုံခြုံရေးလုပ်ငန်းစဉ်များ၊ မိ မိတို့၏ ယဉ်ကျေးမှုနှင့်အတူ အမျိုးဂုဏ်၊ ဇာတိ ဂုဏ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ ယူနန်ပြည်နယ်၊ တယ်ဟုန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်သူ့အစိုးရ၊ ထယ်ဟုန်ပြည်နယ်ခွဲ ၏ ဒု-ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စရွှေလင်နှင့် နိုင်ငံခြားရေးရုံး၊ အမျိုးသမီးအဖွဲ့ချုပ်မှ တာဝန်ခံတို့ကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံကြား လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု အစရှိသည့်လုပ်ငန်းများတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ နှစ်ဖက်အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ပေးရေးတို့အတွက် အသိပညာမျှဝေပေးခြင်းများအား အတူတကွပူးပေါင်းဆောင်ရွက်သွားနိုင်မည်ကို ယုံကြည်သည်ဟု ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဦးဆောင်သော အမျိုးသမီးကိုယ်စားလှယ်အဖွဲ့သည် ပြည်နယ်အမျိုးသမီးနှင့်ကလေ-းဆေးရုံ၊ တယ်ဟုန်လက်ဘက်ခြောက်စက်ရုံလုပ်ငန်း၊ ပြည်နယ်အစိုးရပြတိုက်၊ အသက်မွေးဝမ်း ကျောင်းကောလိပ်တို့ကို လှည့်လည်ကြည့်ရှုပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အမှတ် တရသစ်ပင် စိုက်ပျိုးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက် ညနေပိုင်းက လှေလုံးကွဲကျေးရွာတွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဦးသန့်ဇော်ဦးသည်လယ်ယာလုပ်ငန်းခွင်ကအပြန် နေအိမ်အရှေ့ချောင်းစပ်တွင် အလျား ၁၅ပေခန့် ဗျပ်သုံးပေခန့်မိကျောင်းတစ်ကောင်က ရေထဲသို့ဆွဲချသွားခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။ ထိုနောက် ဇူလိုင် ၃ရက်နေ့တွင်လည်း ညနေ ၃နာရီကျော်တွင် အသက် ၁၆ နှစ်အရွယ် မောင်ဇော်ဇော်အောင်ကို ရွာကင်းတဲတံတားအနီး ရေချိုးဆင်းချိန် မိကျောင်းက ထပ်မံ ဆွဲချသွားကြောင်း...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ စင်ကာပူ MOPS ဈေးနှုန်း၊ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းတို့အပေါ်မူတည်ပြီး စက်သုံးဆီ ရည်ညွှန်းလက်လီဈေးများကို အပတ်စဉ် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလောင်စာဆီဈေးနှုန်း တည်ငြိမ်စေရန် ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးထားကြောင်း သိရသည်။

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး အမှုတွဲ(၁၀၀)ဖွင့်လှစ်ထား

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ ခန့်မှန်းတန်ဖိုးကျပ်(၄၆၉၆ ဒဿမ ၉၃၈)သန်း ဖြစ်ပြီး ယင်းတန်ဖိုး၏ (၂၀)ရာခိုင်နှုန်း ကျပ်(၉၃၉ ဒဿမ ၃၈၅)သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ သစ်မျိုးစုံ လုပ်ငန်းသုံးပစ္စည်းများ လူသုံးကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများများ ပါဝင်ပြီး ကုန်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ နှင့် ဆိုင်ကယ်များပါဝင်သည်။ တာဝန်သိပြည်သူများအနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ ဖုန်း ၀၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071