မော်စကိုသို့ ဦးတည်လာသည့် ယူကရိန်းဒရုန်း ၁၂ စင်းကို ရုရှားလေတပ်က ပ-စ်ချခဲ့သည်ဟု မြို့တော်ဝန်ဆာဂီ ဆိုဘီယန်နင်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုကြောင်း ရိုက်တာသတင်းကကိုးကား ဖော်ပြသည်။
တယ်လီဂရမ်တွင် လေးနာရီကျော်အတွင်း ဆက်တိုက်တင်ခဲ့သော ပို့စ်များတွင် မြို့တော်သို့ ဦးတည်လာသည့် ဒရုန်း ၁၂ စင်းကို တိုက်ထုတ်ခြင်း သို့မဟုတ် ဖျ-က်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုဘီယန်နင်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
ရင်ပြင်နီတွင် ကျင်းပမည့် အောင်ပွဲနေ့ စစ်ရေးပြပွဲအခမ်းအနားသို တက်ရောက်ရန် ရောက်ရှိလာသော တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် နိုင်ငံရပ်ခြားခေါင်းဆောင်များကို ရုရှားက လက်ခံကြိုဆိုရန် ပြင်ဆင်နေချိန်တွင် ယူကရိန်၏ တာဝေးသွားဒရုန်းတို-က်ခို-က်မှုများကြောင့် ဗုဒ္ဓဟူးနေ့တွင် မော်စကို၏ အဓိကလေဆိပ်များ၌ လေယာဉ်ခရီးစဉ်များ သည်သုံးရက်ဆက်တို-က် အနှောင့်အယှက်ကြုံခဲ့ ရသည်။
မော်စကို,ကို ပစ်မှတ်ထားကာ ယူကရိန်းက စဉ်ဆက်မပြတ် ဒရုန်းများဖြင့် တို-က်ခို-က်ခြင်းသည် ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီအပေါ် အောင်နိုင်ခြင်း အထိမ်းအမှတ် နှစ် ၈၀ ပြည့် အောင်ပွဲခံအခမ်းအနား ပြင်ဆင်မှုများကို အနှောင့်အယှက်ပေးရန် ရည်ရွယ်ပုံရသည်။
Ref: အေပီအေ