ဖလမ်းဆောင် (RAMA-2) အမြန်လမ်း မိုးပျံတံတား ပြိုကျမှုဖြစ်စဉ်၌ ထိခိုက်ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသားများ လျော်ကြေးရရှိရေးအတွက် အလုပ်သမားသံအရာရှိရုံးမှ လိုက်ပါဆောင်ရွက်ပေးနေကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ ဖလမ်းဆောင် (RAMA-2) အမြန်လမ်း မိုးပျံတံတားတည်ဆောက်ရေးလုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ပြိုကျမှုကြောင့် ထိခိုက်ေ-သဆုံးခဲ့သည့် အလုပ်သမား(၃) ဦးနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် အမြန်ဆုံးရရှိနိုင်ရေးကို အလုပ်သမားသံအရာရှိရုံးမှ ထိုင်းအလုပ်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားများအတွက် ဥပဒေနှင့်အညီ ဆေးကုသခွင့်နှင့်အကျိုးခံစားခွင့်များရရှိရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗန်ကောက်မြို့၊ ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အလုပ်သမားများထံသို့ သွားရောက်ကြည့်ရှုအားပေးခြင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသော အလုပ်သမားများအတွက် ပြုစုစောင့်ရှောက်ပေးနေသည့် လူမှုရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးအားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။