Saturday, July 5, 2025

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန...

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက်...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက်...

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး...

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ...
HomeNewsLocal Newsမန္တလေး - မူဆယ်...

မန္တလေး – မူဆယ် ယာဉ်နှုန်းထားများမြင့်​နေ၍မူဆယ်တွင် စားကုန်များ ဈေးတက်

လက်ရှိအချိန်ထိ မူဆယ် – လားရှိုး ပြည်ထောင်စု လမ်းပြန်မပွင့်သေးဘဲ ကွင်းရှောင်လမ်းမှသာ သွားလာနေရသည့်အ တွက် မန္တလေးနှင့် မူဆယ် ယာဉ်စီးခနှင့် တန်ဆာခဈေးများကြီးမြင့်နေပြီး  မူဆယ်မြို့တွင် အခြေခံစားကုန်ဈေးနှုန်းများ မြင့်တက်လျက်‌ ရှိနေသည်ဟု မူဆယ်ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မူဆယ်သို့ တင်ပို့သော အခြေခံစားကုန်များမှာ လမ်းခရီး ကြမ်းတမ်းပြီး လမ်းကြောင်းပိုရှည်သည့် ကွင်းရှောင်လမ်း များမှတဆင့် သယ်ယူနေရသည့်အတွက် ကုန်တန်ဖိုး၏ ထက်ဝက်နီးပါး ပိုမိုကြီးမြင့်နေကြောင်း ၎င်းက ဆိုသည်။

“မူဆယ်မှာ ဆန်ချောတစ်အိတ်နှစ်သိန်းရှစ်သောင်း ရှိတယ်။ အဲဒီဆန်အိတ်တန်ဖိုးရဲ့ တစ်သိန်းလောက်က တန်ဆာခပဲ။ ဒီလိုပဲ ဆီတို့ အခြားအခြေခံစားကုန်တွေကို ပေးဝယ်နေရတဲ့တန်ဖိုးရဲ့ထက်ဝက်နီးပါးက တန်ဆာခတွေဘဲ”ဟု ၎င်းက ရှင်းပြသည်။

အလားတူ ယခင် မန္တလေး-မူဆယ် ယာဉ်စီးခ ကျပ် (၃၀,၀၀၀) ကျော်ပေးရသည့် အခြေအနေမှ ယခုတွင် ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းခွဲအထိ ယာဉ်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းမြင့်တက်လာကြောင်းဆိုသည်။

“အေဒီဗင် ကားလေးဆိုရင် တစ်ဦးကို ကျပ်နှစ်သိန်းခွဲ၊ ပါဂျဲရိုးဆိုရင် သုံးသိန်းခွဲ၊ အာရာဖတ်ဆိုရင်လည်း ကျပ်နှစ်သိန်းခွဲလောက်ပေးရတယ်။ အရင် မူဆယ်ကို သုံးသောင်းကျော်လောက်ပေးရင်ရတဲ့ အခြေအနေက အခု အဲဒီလိုတွေဖြစ်ကုန်တာ။ “ဟု ထပ်မံ ရှင်းပြသည်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် မူဆယ် – လားရှိုး – မန္တလေး ပြည်ထောင်စုလမ်းမကြီး လားရှိုး – မူဆယ် လမ်းပိုင်းမှာ ပိတ်ဆို့နေခြင်းဖြစ်ပြီး တောင်ကြီး-နမ္မတူ -နမ့်ခမ်းလမ်းပိုင်းနှင့် ကျောက်မဲ – သီပေါ – နမ္မတူ – မန်တုံ – မူဆယ် လမ်းပိုင်းတို့မှ သွားလာနေကြရခြင်း ဖြစ်သည်။

“တောလမ်းတွေကနေ ကွေ့ပတ်သွားရတော့ လောင်စာဆီပိုကုန်တယ်။ ကားတွေပိုနာတယ်။ အင်ဂျင်မထိပေမယ့် တစ်ခါဆိုတစ်ခါ အောက်ပိုင်းတွေ အရမ်းထိကြတာ။ အခုစဉ့်အင်တို့ ၊ ကျင်သီတံတားတို့ကလည်း ယာယီဆောက်ထားတာ။ အခုဆောက်ထားတဲ့ပုံနဲ့ မိုးတွင်းချောင်းရေကြီးတာနဲ့ဆို အဲဒီတံတားတွေ အကုန်မျောနိုင်တယ်။ ကျွန်တော်အထင် ခြောက်လပိုင်းမိုး‌ကောင်းချိန်လောက်ဆိုရင် အဲဒီတံတားတွေက‌ နေဖြတ်လို့ရမယ်မထင်တော့ဘူး။ အခုတည်းက အောက်ခြေကို အခိုင်အမာဆောက်နိုင်မှပဲ ရမယ်။”ဟု  ၎င်းကဆိုသည်။

ထို့ကြောင့် မူဆယ်ဘက်သို့ သွားလာမည်ဆိုပါက အရေးကြီး ကိစ္စများမှလွဲ၍ အခြားကိစ္မ‌များအတွက် မသွားလာကြရန်နှင့် အလုပ်အကိုင်ရှာဖွေသူများအနေဖြင့်လည်း အလုပ်ရှင်၏ ခေါ်စာအဆက်အသွယ်ရရှိမှသာ သွားရောက်ရန် ဒေသခံများက တိုက်တွန်း ပြောကြားကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံအား ပြန်လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ပျဥ်းမနားစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ရာပြည့်အဆောက်အအုံဖြစ်သော လယ်ယာစက်မှုဌာနအဆောက်အအုံသည်လည်း ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးမှုများအား လက်ရှိအချိန်၌ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဇူလိုင် ၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပြီးနောက် ရာပြည့်အဆောက်အအုံအား ရှေးဟောင်းအဆောက်အအုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပထမအဆင့်ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။ အဆိုပါ လယ်ယာစက်မှုဌာနအဆောက်အအုံ(ရာပြည့်အဆောက်အအုံ)အား ၁၉၂၃ ခုနှစ်တွင် စိုက်ပျိုးရေးကျောင်းသစ်အဖြစ်ဆောက်လုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို သံဂဟေဆက်ခြင်း၊ ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းစသည့် လယ်ယာလုပ်ငန်းသုံးစက်မှုပညာရပ်များကို သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့်သင်ကြားပေးခဲ့သည့်နေရာဖြစ်သည်။ ယင်း အဆောက်အအုံကြီးအား သာသနာရေးနှင့်...

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက် ညနေပိုင်းက လှေလုံးကွဲကျေးရွာတွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဦးသန့်ဇော်ဦးသည်လယ်ယာလုပ်ငန်းခွင်ကအပြန် နေအိမ်အရှေ့ချောင်းစပ်တွင် အလျား ၁၅ပေခန့် ဗျပ်သုံးပေခန့်မိကျောင်းတစ်ကောင်က ရေထဲသို့ဆွဲချသွားခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။ ထိုနောက် ဇူလိုင် ၃ရက်နေ့တွင်လည်း ညနေ ၃နာရီကျော်တွင် အသက် ၁၆ နှစ်အရွယ် မောင်ဇော်ဇော်အောင်ကို ရွာကင်းတဲတံတားအနီး ရေချိုးဆင်းချိန် မိကျောင်းက ထပ်မံ ဆွဲချသွားကြောင်း...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ စင်ကာပူ MOPS ဈေးနှုန်း၊ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းတို့အပေါ်မူတည်ပြီး စက်သုံးဆီ ရည်ညွှန်းလက်လီဈေးများကို အပတ်စဉ် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလောင်စာဆီဈေးနှုန်း တည်ငြိမ်စေရန် ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071