မကွေးတိုင်းအတွင်းရှိ ဆည်၊ ကန်၊ တမံ များ၏ ရေသိုလှောင်ထားမှုမှာ ကြံ့ခိုင်ကောင်းမွန်လျှက်ရှိသည်ဟု တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ယနေ့ ဇွန် (၂၄) ရက်တွင် အသိပေးထားသည်။
ယနေ့ နံနက် (၆)နာရီအချိန်အထိ အဆိုပါဆည်၊ ကန်နှင့် တမံများ၏ ရေသိုလှောင်ထားမှုအခြေအနေအပါအဝင် တမံနှင့် ဆက်စပ် ရေအားအဆောက်အအုံများကောင်းမွန်ကြောင်း ဆိုသည်။
မကွေးတိုင်းအတွင်း ဆည်၊ ကန်နှင့် တမံ စုစုပေါင်း (၅၇)ခု ရှိကာ၊ လက်ရှိအချိန်အထိ ရေပိုလွှဲမှ ရေကျော်သည့် တမံ (၈)ခုသာရှိသေးကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
၎င်းတမံများမှာ နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလောင်တမံမှာ ရေပိုလွှဲမှ ရေကျော်အမြင့် (၀.၀)ပေ ၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလောင်တမံတွင် (၄.၉) ပေ ၊ ပွင့်ဖြူ မြို့ နယ်၊ ကြီးအုံကြီးဝရေလှောင်တမံတွင် (၅.၃)ပေ၊ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံတွင် (၁.၆)ပေ၊ ငဖဲမြိုနယ် ရင်းရှည်ရေလှောင်တမံတွင် (၀.၁)ပေ ရှိကြောင်း သိရသည်။
အလားတူ စလင်းမြို့နယ်၊ စလင်းရေလှောင်တမံတွင် (၀.၅)ပေ၊ ကံမမြို့နယ် မဒေးရေလှောင်တမံတွင် (၀.၂)ပေနှင့် ဂန့်ဂေါ် မြို့နယ် မြစ်သာရေလှောင်တမံတွင် (၀.၂)ပေ အထိ အသီးသီးရှိကြောင်း သိရသည်။