Sunday, May 18, 2025

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...
HomeInternationalဘောရစ် ဂျွန်ဆင်အား ယူကရိန်းဝန်ကြီးချုပ်ဖြစ်ခွင့်ရရေးယူကရိန်းပြည်သူများအသနားခံစာတင်

ဘောရစ် ဂျွန်ဆင်အား ယူကရိန်းဝန်ကြီးချုပ်ဖြစ်ခွင့်ရရေးယူကရိန်းပြည်သူများအသနားခံစာတင်

ဘောရစ် ဂျွန်ဆင်အား ယူကရိန်းဝန်ကြီးချုပ်ဖြစ်ခွင့်ရရေးယူကရိန်းပြည်သူများအသနားခံစာတင်

ကိဗ်၊ ဇူလိုင် ၂၆ ရက်

ရာထူးမှ နုတ်ထွက်ထားသော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ယူကရိန်းနိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခွင့်ရ‌​ရေး အတွက်အသနားခံစာတစ်စောင်ကို ယူကရိန်း တရားဝင်အသနားခံစာတင် ဝက်ဘ်ဆိုက်တွင် ဇူလိုင်လ ၂၆ ရက်‌​နေ့က အင်္ဂါနေ့၌ တင်ခဲ့ရာ လတ်မှတ်ပေါင်း ၂ ထောင့် ၅ ရာကျော် စုဆောင်းရရှိနေပြီဖြစ်ကြောင်း သိရသည်။

ဂျွန်ဆင်သည် ပြည်တွင်း၌ လူထုထောက်ခံအားပေးမှု နည်းပါးလာခဲ့၍ ၎င်း၏နုတ်ထွက်စာကို အတင်းအကျပ် ကြေငြာခဲ့ရသော်လည်း ရုရှား-ယူကရိန်း အရးအခင်းတွင် ယူကရိန်းအား ထောက်ခံအားပေးမှုကြောင့် ကိဗ်တွင် ယူကရိန်း ပြည်သူများ လေးစားရသည့် ပုဂ္ဂိုလ်အဖြစ် ဆက်လက်တည်ရှိဆဲဖြစ်သည်။

ယူကရိန်းမြို့တော်ရှိ ပန်းချီကားများ၊ နံရံဆေးပန်းချီများနှင့် ကိတ်မုန့်များ၌ပင်လျှင် ဂျွန်ဆင်၏ ပုံများ ထည့်သွင်းရေးဆွဲထားပြီး ယူကရိန်းနိုင်ငံသားအချို့က ၎င်းအား ခင်မင် ရင်းနှီးစွာဖြင့် “Johnsoniuk” ဟုပင်ခေါ်ဝေါ်ကြသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးအား ရည်ရွယ်၍ တင်ထားသော အဆိုပါ အသနားခံစာတွင် ဘောရစ် ဂျွန်ဆင်အား ကမ္ဘာတစ်ဝန်းကထောက်ခံအားပေးမှု ရရှိသူ၊ အရေးအခင်း၌ ယူကရိန်းဘက်မှ ပြတ်သားစွာ ရပ်တည်သူနှင့် နိုင်ငံရေး၊ ဘဏ္ဍာရေး၊ တရားရေးနယ်ပယ်များ၌ အမြော်အမြင်ရှိသူ အဖြစ် ထည့်သွင်းဖော်ပြထားသည်။

သို့ရာတွင် ၎င်းအသနားခံစာ၌ ဂျွန်ဆင်အားခန့်အပ်ခြင်းသည် ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ကိုလည်း နားလည်ပါကြောင်း ရေးသားထားသည်။

ဇလန်စကီးက အဆိုပါအသနားခံစာနှင့် ပတ်သက်၍ တုံ့ပြန်ထားခြင်းမရှိသေးသော်လည်း လက်မှတ်ပေါင်း ၂ သောင်း ၅ ထောင် ရရှိပါက တရားဝင်တုံ့ပြန်ရန် တာဝန်ရှိကြောင်း သိရသည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့်ဂုဏ်ထူးဆောင်ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ ထို့အတူ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ဝင်များနှင့် အလှူရှင်များတက်ရောက်ကြည်ညိုပြီး ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ၊ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့ကြသည်။ ထို့အတူ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အဖွင့်ဩဝါဒကထာနာယူခဲ့ကြပြီးနောက် သုတစုံ လင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးတွင် ဝတ်ရုံဆင်မြန်းနိုင်ရန် ဗဟိုအဖွဲ့ဝင်ဆရာတော်ကြီးများ၊ သံဃာတော်များအား အလှူရှင်များက သင်္ကန်းများဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။ ထို့နောက် အလှူရှင်များကအလှူငွေများပေးအပ်ရာလူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန FB စာမျက်နှာတွင် ယနေ့ ထုတ်ပြန်ထားသည်။ပုံပါဇယားတွင်လည်း ပါရှိသည်။ ထိုင်းနိုင်ငံသည် လေကြောင်းခရီးသွားများကို အကာအကွယ်ပေးရန် အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်သည်။ CAB ၏ညွှန်ကြားချက် အမှတ်စဥ် ၁၀၁ အရ နိုင်ငံတကာလေကြောင်းခရီးစဉ်များအသိပေးခြင်းမရှိဘဲ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများရှိပါက  ခရီးသည်များအား အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ ငွေကြေးလျော်ကြေး၊ ပြန်အမ်းငွေ၊ ပြန်လည်ဘွတ်ကင်လုပ်ခြင်း သို့မဟုတ် ဟိုတယ်တည်းခိုခွင့်များကိုကြန့်ကြာမှုအချိန်ပေါ်မူတည်၍ ခံစားခွင့်ရှိတော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများ ပေါ်ပေါက်လာပါက ပြည်သူများ အနေဖြင့် ကျန်းမာရေးမကောင်းပါက သွားရောက်ပြသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။ မြို့ပြကျန်းမာရေးဌာနများဖွင့်လှစ်သွားနိုင်ရန်အတွက် လက်ရှိတွင် ကျန်းမာရေးဆေးခန်းအခွဲများ ပြန်ဖော်ထုတ်၍ ပြင်ဆင်ခြင်း၊ ဝန်ထမ်းများ အင်အားတိုးချထားခြင်း စသည့်လိုအပ်ချက်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071