မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄ ဦးသည် သောကြာနေ့(မေလ ၁၆ရက်နေ့) က ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဘန်ကောက်ရှိ အထပ် ၃၀ မြင့် ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံးတာဝါသည် အိမ်နီးချင်း မြန်မာ၏ ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် တစ်ခုတည်းသော အဆောက်အအုံဖြစ်သည်။ ပြိုကျအဆောက်အအုံနေရာတွင် ကယ်ဆယ်ရေးအဖွဲ့များသည် ရက်သတ္တခြောက်ပတ်ကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ခဲ့ရာ ရုပ်အလေ-ာင်း ၉၂ လောင်းကို တွေ့ရှိခဲ့သည်။ လေးဦးမှာမူ ပျေ-ာက်ဆုံးနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် အီတာလျံထိုင်းဖွံ့ဖြိုးရေး ဥက္ကဌ ပရမ်ချိုင်း ကာနာဆူတာနှင့် အခြား ၁၄ ဦးတို့သည် အဆောက်အအုံဒီဇိုင်းနှင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာအတွက် တာဝန်ရှိသော ကုမ္ပဏီများနှင့် ဆက်စပ်သူများဖြစ်သည်ဟု ဘန်ကောက်မြို့တော်ရဲဗျူရို ဒုတိယကော်မရှင်နာမင်းကြီး Noppasin Poonsawat က ပြောဆိုသည်။ ၎င်းတို့အား ပေါ့ဆမှု၊ ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖေ-ာက်မှုတို့ဖြင့် စွဲဆိုထားသည်။
ဗိသုကာဒီဇိုင်းသည် လိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီကြောင်း သို့မဟုတ် စာချုပ်တွင် ဖော်ပြထားသည့် နည်းပညာစံနှုန်းများနှင့် မကိုက်ညီကြောင်း ကျွမ်းကျင်ပညာရှင်များ၏ အကဲဖြတ်ချက်များအရ သိရသည်ဟု Noppasin က ပြောကြားသည်။
ထို့အပြင် စံမမီသော ကွန်ကရစ်နှင့် သံမဏိများ အပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုရာတွင် မူမမှန်မှုများကိုလည်း စစ်ဆေးတွေ့ရှိခဲ့သကဲ့သို့ လက်မှတ်အတုများနှင့် အင်ဂျင်နီယာဆိုင်ရာ စာရွက်စာတမ်းများကိုလည်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ကြသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အဆောက်အဦးဆောက်လုပ်မှုတွင် အကျင့်ပျ-က်ခြစားမှုများ ပါဝင်နိုင်သည်ဟု ငလျင်လှုပ်ပြီးနောက် ရက်ပိုင်းအကြာတွင် စောင့်ကြည့်ရေးအဖွဲ့တစ်ခုက သတိပေးခဲ့သည်။ မတ်လအတွင်း အခင်းဖြစ်နေရာမှ စုဆောင်းကောက်ယူခဲ့သည့် ပစ္စည်းများကို ကနဦးစမ်းသပ်မှုများတွင် အပျ-က်အစီးပုံများထဲတွင် စံမမီသော သံမဏများပါရှိနေကြောင်း စက်မှုဝန်ကြီးဌာနမှ အရာရှိများက ပြောကြားခဲ့သည်။
သံသယရှိသူ ၁၅ ဦးကို ပဏာမစစ်ဆေးရန်အတွက် တရားရုံးတင်တရားစွဲထားကြောင်းနှင့် စွဲချက်အားလုံးကို ၎င်းတို့က ငြင်းဆိုထားကြောင်း Noppasin က ပြောဆိုပြီး နောက်ထပ် သံသယရှိသူနှစ်ဦးကိုလည်း တနင်္လာနေ့တွင် အာဏာပိုင်များထံ အစီရင်ခံသွားမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံ၏ အေ-သအပျေ-ာက်အများဆုံးဖြစ်ရပ်ဖြစ်ခဲ့သည့် အဆောက်အဦးပြိုကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေဆဲဖြစ်သည်။
Ref: အေးရှားဝမ်း