မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၃၅၉,၀၀၀.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄,၁၀၆,၇၂၀.၀၀ အား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း ဧပြီ ၂ ရက်နေ့က ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။
ဧပြီ ၂ ရက်နေ့တွင် FX Trading ၌ စားသုံးဆီမှ (၁၆)ရာခိုင်နှုန်း ၊ စက်သုံးဆီမှ (၅၅) ဓာတ်မြေဩဇာမှ (၁)ရာခိုင်နှုန်း ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း ပစ္စည်းများမှ (၆)ရာခိုင်နှုန်း၊ အီလက်ထရောနစ်ပစ္စည်းများမှ (၁) ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းမှ (၂)ရာခိုင်နှုန်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်းမှ (၁၀)ရာခိုင်နှုန်း၊ စားသုံးကုန်စည်မှ (၃) ရာခိုင်နှုန်း၊ မုယောမှ (၁) ရာခိုင်နှုန်း၊ အခြားကုန်ပစ္စည်းများနှင့် Non Trade Transation များမှ (၅ ) ရာခိုင်နှုန်း
အသီးသီး နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
