Friday, May 16, 2025

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ...

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ...

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham...
HomeInternationalဖိလစ်ပိုင်သမ္မတက ကိုဗစ်ကို‌‌ လော့ဒေါင်းမချတော့ဟုဆို

ဖိလစ်ပိုင်သမ္မတက ကိုဗစ်ကို‌‌ လော့ဒေါင်းမချတော့ဟုဆို

ဖိလစ်ပိုင်သမ္မတက ကိုဗစ်ကို‌‌ လော့ဒေါင်းမချတော့ဟုဆို


ဖိလစ်ပိုင်သမ္မတ ဂျူနီယာမားကို့စ်သည် တနင်္လာနေ့ (ဇူလိုင် ၂၅ ရက်)က လူတစ်ယောက်ကို တစ်နေရာတည်းမှာကြာကြာထားဖို့မဖြစ်နိုင်‌သောကြောင့် နိုင်ငံအတွင်းကိုဗစ်‌ ကြောင့်လော့ဒေါင်းချခြင်းများကိုလုပ်ဆောင်တော့မည်မဟုတ်ကြောင်း ၎င်း၏နိုင်ငံ‌သို့‌ေပြာကြား သောပထမဆုံးမိန့်ခွန်းတွင် ကတိပြုခဲ့သည်။

“ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မျိုးကွဲအသစ်‌ တွေကိုတွေ့နေသေးရင်ဒါက ကိုဗစ်ရဲ့ခြိမ်းခြောက်မှုရှိနေသေးတာပဲ” ဟုမားကို့စ်က သူ၏ပထမဆုံးနိုင်ငံတော်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

“ဒါပေမယ့် နောက်ထပ်လော့ခ်ဒေါင်းမလုပ်နိုင်တော့တာကြောင့် လော့ခ်ဒေါင်းတွေရှိတော့မှုမဟုတ်ပါဘူး” ဟုလည်းသူကဆိုသည်။

မားကို့စ်ကတိုင်းပြည်အနေဖြင့် ပြည်သူများ၏ လူမှုဖူလုံရေးနှင့်ကျန်းမာရေးကို စီးပွားရေးနှင့်ပါ ဟန်ချက်ညီအောင် လုပ်ဆောင်ရမည်ဟုပြောကြားခဲ့သည်။ကျန်းမာရေးစောင့်ရှောက်မှုစနစ် ချွတ်ချော်မှုမရှိစေရေးအတွက် အစိုးရဌာနများသည် ကိုဗစ်ရောဂါဖြစ်ပွားမှုအရေအတွက်ကို စောင့်ကြည့်စစ်ဆေးရန် ဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ကျောင်းသားများအတွက်လည်း ပြင်ပအတန်းများကို မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သမ္မတကကြေငြာခဲ့သည်။  ဖိလစ်ပိုင်တွင် အတန်းများကိုကပ်ရောဂါ စတင်ကတည်းက အွန်လိုင်းတွင်သာသင်ကြားခဲ့ကြခြင်းဖြစ်သည်။

“အခုချိန်ကကိုဗစ်ကပ်ကရှိနေတုန်းမို့ ကျောင်းသားတွေဘေးကင်းဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့်စာသင်နှစ်မှာမှ ကျောင်းတွေပြန်ဖွင့်ဖို့ အကောင်အထည်ဖော်ပြင်ဆင်နေပါတယ်” ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့အနေနဲ့ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းသားကျောင်းသူ‌တွေ၊ဆရာ၊ဆရာမတွေနဲ့ ပညာရေးအသိုင်းအဝိုင်းကြီးတစ်ခုလုံး ဘေးကင်းလုံခြုံဖို့သေချာစီမံဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟုလည်းဆိုသည်။ကိုဗစ်ကြောင့်ဖြစ်ပေါ်လာသော ပြဿနာများအပြင် ပိုမို‌ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် လိုအပ်ကြောင်းလည်း၎င်းကပြောသည်။

“ပြည်သူတွေဆီကိုသာ ဆေးဝါးနဲ့ကျန်းမာ‌ရေးဝန်ဆောင်မှုတွေ ယူလာရမှာ ဖြစ်ပြီး ဆေးရုံနဲ့ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကို သူတို့လာဖို့အထိစောင့်စရာမလိုဘူး” ဟု ၎င်းကဆိုသည်။“နှလုံးဌာန၊ အဆုတ်ဌာန၊ ကလေးဆေးရုံနဲ့နိုင်ငံတော် ကျောက်ကပ်နဲ့ အစားထိုးကုသရေးဌာနတို့လို အထူးကုဆေးရုံကြီးတွေမှာလည်းကုသမှုကိုပေးနေပါတယ်” ဟုလည်းဆိုခဲ့သည်။

“ဒါကြောင့် မြို့တော်တစ်ခုတည်းမှာသာမက နိုင်ငံ့အနှံ့အပြားမှာလည်း ဒီလိုအဖွဲ့အစည်းတွေ၊ဒီလိုကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ တိုးမြှင့်ရမယ်ဆိုတာရှင်းပါတယ်” ဟုထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။

ကျန်းမာရေး စောင့်ရှောက်မှုဝန်ဆောင်မှုများကို သွားလာရခက်ခဲသော နေရာများတွင်ပါ ဖြန့်ကျက်ဆောင်ရွက်ထားပေးမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်ကျန်းမာရေး အကူအညီရယူရန် မြို့ (သို့) ဒေသဆိုင်ရာစင်တာများသို့ သွားရောက်ရန် မလိုအပ်တော့ကြောင်း ၎င်းကဆက်ပြောသည်။

ထို့နောက် မားကို့စ်သည်ဆရာဝန်များနှင့် သူနာပြုများအတွက် လုပ်ငန်းခွင်အခြေအနေများ တိုးတက်စေရန်လည်းကတိပြုခဲ့သည်။

Source – CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ Jiang Bin ကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ပိုင်းများအတွင်း တရုတ်နှင့်ရုရှားကြားဆက်ဆံရေးသည် ယခင်ကထက်တိုးတက်လာပြီး မကြာခဏဆိုသလို အကြီးပိုင်းတာဝန်ရှိသူများ၏တွေ့ဆုံဖလှယ်မှုများ၊ အရေးပါသော ပူးတွဲလေကြောင်းကင်းလှည့်မှုနှင့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများဖြင့် ဆက်ဆံခဲ့ကြပြီး အရေးကြီးသည့် အထိမ်းအမှတ်ပွဲများကျင်းပရာ၌လည်း အချင်းချင်းအားပေးကူညီခဲ့ကြသည်ဟုလည်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏လမ်းညွှန်မှုအောက်၌ တရုတ်စစ်တပ်အနေဖြင့် အရေးပါသော တရုတ် - ရုရှားမိတ်ဖက်ပူးပေါင်းဆက်ဆံရေးကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက် တုကီယေးရှိယူကရိန်းသံရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ဇယ်လန်းစကီးကပြောကြားခဲ့သည်။ “စိတ်မကောင်းစရာတစ်ခုက ဆွေးနွေးပွဲဆိုပေမဲ့ တစ်ဖက်ကလာမဲ့အထဲမှာ ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိပေါက်မြောက်တဲ့သူမျိုးပါမလာပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။ သို့သော် ယူကရိန်းသမ္မတကိုယ်တိုင်မတက်ရောက်နိုင်သည်ကလွဲ၍ ဆွေးနွေးပွဲအတွက် အပြုသဘောဆောင်လျှက် ကိုယ်စားလှယ်များကိုမူ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။ အစ္စတန်ဘူလ်၌ပြုလုပ်မည့်ဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် နှစ်ဘက်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ ၁ နာရီမထိုးမီတွင် ထိုင်း F-16 တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်က သောကြာနေ့က FB တွင်ရေးသားထားသည်။ Ref:Khalid

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071