ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်ကြောင့် ေ-သဆုံးသူ ၃၇ ဦးထက်မနည်းရှိလာပြီး လူရာနှင့်ချီ ထိခိုက်ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ငလျင်ဒ-ဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် ဂျင်နရယ်ဆန်းတို့စ်စီးတီးရှိ စီးပွားရေးအဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ အပျ-က်အစီးများအောက်တွင် လူနှစ်ဦး ပိတ်မိနေဆဲဖြစ်နိုင်ကြောင်း ယုံကြည်ရသဖြင့် ကယ်ဆယ်ရေးသမားများက ဇွန် ၁၀ ရက်တွင် ဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ကုန်စုံဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်ထားသည့် အဆိုပါအဆောက်အအုံ၏ အပျ-က်အစီးများအောက်မှ လူနှစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း အခြားတစ်ဦးကို ေ-သဆုံးလျက် တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဦးဆောင်သူ မီးသတ်အရာရှိ အက်ဂါ တာနာဝမ်က ရို-က်တာသတင်းဌာနသို့ ပြောကြားသည်။
စကင်ဖတ်စစ်ဆေးမှုများအရ ပိတ်မိနေသူနှစ်ဦးထံမှ အသက်ရှင်သန်နေသည့် လက္ခဏာများကို လက်ရှိအချိန်အထိ မတွေ့ရသေးကြောင်းလည်း ၎င်းက ပြောသည်။
“မိခင်တစ်ယောက်အနေနဲ့ ကျွန်မသား အဲဒီအထဲမှာ ပိတ်မိနေသေးတယ်ဆိုတာကို လက်ခံဖို့ အရမ်းခက်ခဲပါတယ်” ဟု သားဖြစ်သူ၏ သတင်းကို စောင့်မျှော်နေသည့် အသက် ၆၅ နှစ်အရွယ် ဒိုအိုစလင်ဒါ ဒီလူဗီကိုက ပြောကြားသည်။
“ကျွန်မရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ သူ့ကို ဒီနေ့ ပြန်တွေ့ချင်တာပါပဲ” ဟု ၎င်းက ဆိုသည်။
ပြင်းအား ၇ ဒသမ ၈ ရှိ အဆိုပါငလျင်သည် ဇွန် ၉ ရက် နံနက်ပိုင်းတွင် ဆာရန်ဂါနီပြည်နယ် ကမ်းရိုးတန်းအနီး လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်းဒေသတစ်ဝန်းသာမက အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းအထိ ပြင်းထန်စွာ ခံစားခဲ့ရသည်။
ငလျင်ကြောင့် လူ ၄၀၀ ကျော် ထိခိုက်ဒ-ဏ်ရာရရှိခဲ့ပြီး လူလေးဦး ပျေ-ာက်ဆုံးနေဆဲဖြစ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
Ref: CNA
