Looking for something?

Explore the website

Looking for something?

Saturday, May 17, 2025

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ...

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ...

အင်ဒိုနီးရှားရေတပ်က မူး ယ-စ်ဆေးပါသည့်သင်္ဘောကိုကြားဖြ-တ်ဖမ်းဆီး

ဂျကာတာ၊မေ ၁၆နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ‌‌အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University...

ငလျင်ကြီးကြောင့် ပျ-က်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ...

မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်ရှိ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Town Plan...
HomeInternationalဖင်လန်သည် ယူကရိန်းသို့ Leopard...

ဖင်လန်သည် ယူကရိန်းသို့ Leopard တင့်ကားများ ပေးပို့နိုင်ဖွယ်ရှိကြောင်း သမ္မတပြောကြား

ဖင်လန်သည် ယူကရိန်းသို့ Leopard 2 အမျိုးအစား တိုက်ပွဲဝင်တင့်ကားများ ပေးပို့ခြင်းဖြင့် ၎င်း၏ စစ်ရေးအကူအညီကို တိုးမြှင့်နိုင်သည်ဟု သမ္မတ Sauli Niinistö က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သို့သော် ရုရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် ဖင်လန်မှ ပေးပို့နိုင်သည့် တင့်ကားအရေအတွက်မှာမူ အကန့်အသတ်ရှိမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းအတွက် ဥရောပပူးတွဲကာကွယ်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်ကို ထူထောင်ခဲ့လျှင် ဖင်လန်ကလည်း ပံ့ပိုးကူညီရန် အသင့်ရှိကြောင်း STT သတင်းဌာနသို့ ဖြေကြားခဲ့သော မှတ်ချက်တွင် သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

ဖင်လန်သည် ယူကရိန်းသို့ ၎င်း၏ ၁၂ ကြိမ်မြောက် အကူအညီပေးရေး အစီအစဉ်ကို ပြင်ဆင်နေပြီး တိုက်ပွဲဝင် တင့်ကားများ စေလွှတ်ရန်ကိုပါ စဉ်းစားနေသည်ဟု ကာကွယ်ရေးဝန်ကြီး Mikko Savola ကဲ့သို့သော ဖင်လန်ထိပ်တန်းနိုင်ငံရေးပုဂ္ဂိုလ်များ၏ မှတ်ချက်များ မကြာသေးမီက ထွက်ပေါ်လာသည်။ ဖင်လန်လွတ်တော်၏ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ Antti Häkkänen က ဖင်လန်သည် ယူကရိန်းသို့ တိုက်ခိုက်ရေး တင့်ကားများ ပေးပို့ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သော်လည်း မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြင်သစ်နှင့် ဂျာမနီတို့ကဲ့သို့ နေတိုးနိုင်ငံကြီးများက ဦးဆောင်ရမည်ဟု ပြောကြားခဲ့ပြန်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းလည်း ကျဆင်းလာ

နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိကာ ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည်လည်း တစ်လီတာလျှင် (၇၅) ကျပ်မှ (၁၂၅) ကျပ်ခန့်အထိ ကျဆင်းလျက်ရှိသည်။ ထို့ပြင် ဒေသအလိုက် စက်သုံးဆီလိုအပ်ချက် ပြည့်မီအောင် အချိန်မီပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အဆင်ပြေချောမွေ့စွာ လိုအပ်သလို ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။ ထို့ပြင်...

အင်ဒိုနီးရှားရေတပ်က မူး ယ-စ်ဆေးပါသည့်သင်္ဘောကိုကြားဖြ-တ်ဖမ်းဆီး

ဂျကာတာ၊မေ ၁၆နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ‌‌အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌ ကိုကင်း ၁ ဒသမ ၂ တန်နှင့် ခရစ်စတယ်မက်သာဖက်တမင်း ၇၀၀ ကီလိုဂရမ်ကိုသယ်ဆောင်လာခဲ့ကြောင်းသိရသည်။ အဆိုပါသင်္ဘောသည် ငါးဖမ်းသင်္ဘောအသွင်ဆောင်လာခြင်းဖြစ်ပြီး ထိုင်းအလံတင်သင်္ဘောဖြစ်သည်ဟုလည်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သင်္ဘောပေါ်၌တင်ဆောင်လာသည့်မူးယစ်ဆေးများကို လက်ဖက်ခြောက်အထုပ်များထဲတွင်ဝှက်ကာ သယ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။ သင်္ဘောပေါ်တွင် ထိုင်းနိုင်ငံသားတစ်ဦးနှင့်မြန်မာနိုင်ငံသားလေးဦးပါဝင်ပြီး ၎င်းတို့သည် တရားဝင်ခရီးသွားလာခွင့်အထာက်အထားစာရွက်စာတမ်းများလည်း မပြည့်စုံကြဟု သိရသည်။ "ဒီအချက်ကိုကြည့်ခြင်းအားဖြင့် အခုသင်္ဘောဟာ ငါးဖမ်းတာအတွက်မဟုတ်ပဲ မှောင်ခိုလုပ်ငန်းအတွက်သာအသုံးပြုတယ်ဆိုတာသိသာပါတယ်၊ ဒါကြောင့် အင်ဒိုပြည်သူတွေမထိခို-က်ရဖို့ အခုလိုအချိန်မီဖမ်းဆီးအရေးယူနိုင်ဖို့ကလိုအပ်ပါတယ်" ဟုလည်း...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ တက္ကသိုလ်များကို လာမည့် ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ Polytechnic University များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ဇွန် ၂ ရက်မှစတင်၍ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းအား မေ ၂၂ ရက်မှစတင်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071