Saturday, July 5, 2025

ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်း ယာယီ၀န်ကြီးချုပ်တာဝန် စတင်ထမ်း​ဆောင်

ထိုင်းအစိုးရအဖွဲ့ အ​ပြောင်းအလဲများသည် ယခုရက်ပိုင်းအတွင်း လျှင်မြန်စွာ ​ပြောင်းလဲ​နေရာ တာဝန်မှ ​​ခေတ္တဆိုင်းငံ့ထား​သော ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်၏ ​နေရာကိုအသက် ၇၁ နှစ်အရွယ်ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး...

နိုင်ငံဧရိယာ၏(၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို...

နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပသည့် ၂၀၂၅...

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် (၃)နိုင်ငံ ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကြား လုံခြုံရေးနှင့်...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်အကျိုး ၊ ဒေသအကျိုးကိုဖော်ဆောင်မည်ဆိုပါက...

လက်နက်ကိုင်အဖွဲ့များအား နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇူလိုင် ၄ ရက်က ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်အဖြစ် ထုတ်ပြန်အသိပေးခဲ့သည်။ PDF အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်...
HomeNewsLocal Newsပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သွားလာရေးကိစ္စပြီးပါက ဒုတိယဦးစားပေးအနေဖြင့်...

ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သွားလာရေးကိစ္စပြီးပါက ဒုတိယဦးစားပေးအနေဖြင့် ရေ၊ မီး များရရှိရန်ဆောင်ရွက်ပေးမည်

ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သွားလာရေးကိစ္စပြီးပါက ဒုတိယဦးစားပေးအနေဖြင့် ရေ၊ မီး များရရှိရန်ဆောင်ရွက်ပေးရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသော တပ်ကုန်းတပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးရာ၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများနှင့်ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည့် လမ်းကြောင်းများရှင်းလင်းခြင်းကို ဦးစွာ ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။

” သွားလာရေးကိစ္စပြီးရင် ဒုတိယဦးစားပေးအနေနဲ့ ရေ၊ မီး တွေရရှိရေးကိုဆောင်ရွက်ပေးသွားရပါမယ် အဲဒီကနေတစ်ဆင့် တခြားပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပေးသွားရပါမယ် မိသားစုဝင်တွေရဲ့ နေရေး၊ စားရေးအဆင်ပြေစေဖို့အတွက်လည်း စီမံပေးရပါမယ်”ဟု ဆိုသည်။

ထို့ပြင် အခြေခံစားကုန်များကိုဈေးနှုန်းသက် သာစွာ ဝယ်ယူစားသောက်နိုင်ရေး စီစဉ်ပေးခြင်း၊ ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍ ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပေါ်လာချိန်တွင် ရေလမ်းကြောင်းနှင့်မလွတ်ကင်းနိုင်သည့် အဆောက်အဦများကိုစနစ်တကျ သုတေသနပြုလုပ်၍ ရွှေ့ပြောင်းဆောက်လုပ်ခြင်းများဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။

ထို့နောက် နစကဥက္ကဋ္ဌ က မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့်အဝတ်အထည်များကိုထောက်ပံ့ပေးအပ်ခဲ့ပြီး ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် နယ်မြေခံတပ်ဌာနချုပ်ဆေးခန်း၌ ဆေးကုသမှုခံယူနေသည့် စစ်သည်များအားကြည့်ရှုကာ အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ရေဘေးကြောင့်ကျိုးကျပျက်စီးခဲ့သည့် မုန်ချောင်းကူးကွန်ကရစ်တံ တားပျက်စီးမှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ နယ်မြေခံတပ်ဌာနချုပ်၊ အိမ်ထောင်သည်လိုင်းခန်းများပျက်စီးနေမှု၊ အ ထက်တန်းကျောင်း၌ နုန်းများဖယ်ရှားရှင်းလင်းခြင်းနှင့်သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှု၊ တပ်နယ်အတွင်း လမ်း၊ တံတားနှင့် အဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌနှင့်အတူ နစက ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်း ယာယီ၀န်ကြီးချုပ်တာဝန် စတင်ထမ်း​ဆောင်

ထိုင်းအစိုးရအဖွဲ့ အ​ပြောင်းအလဲများသည် ယခုရက်ပိုင်းအတွင်း လျှင်မြန်စွာ ​ပြောင်းလဲ​နေရာ တာဝန်မှ ​​ခေတ္တဆိုင်းငံ့ထား​သော ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်၏ ​နေရာကိုအသက် ၇၁ နှစ်အရွယ်ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဆူရီယာ ဂျန်ဂရန်ရီယန်ကစ်ကယာယီဝန်ကြီးချုပ်အဖြစ် ရက်ပိုင်းသာထမ်း​ဆောင်ခဲ့ရသည်။ အစိုးရအဖွဲ့သစ်၏ ပထမဆုံးအစည်းအ​ဝေးအပြီးတွင် ပြည်ထဲ​ရေးဝန်ကြီး ဖမ်သမ်ဝီချာရာချိုင်းကို ယာယီဝန်ကြီးချုပ်ရာထူး လွှဲပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ယာယီ၀န်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်းသည် ၎င်းတာဝန် ဝန်ထမ်း​ဆောင်သည့် ပြည်ထဲရေးဝန်ကြီးဌာနသို့ သောကြာနေ့က ရောက်ရှိခဲ့ရာ အကြီးတန်းအရာရှိများနှင့် ဂုဏ်ပြုတပ်ဖွဲ့များမှ ကြိုဆိုခဲ့သည်။ ယခု အစိုးရသက်တမ်းတွင် ဆရတ်သာ၊ ​ပေတုံတန်၊ ဆူရီယာ၊ ဖမ်သမ်ဝီချာရာချိုင်းတို့ ဝန်ကြီးချုပ်...

နိုင်ငံဧရိယာ၏(၃၀)ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ (၁၀)ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်ထားမည်

နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အဆိုပါအတိုင်းဖွဲ့စည်းရန်ရည်မှန်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဧရိယာဒုတိယအကြီးဆုံး နိုင်ငံတစ်ခုဖြစ်ကာ ပထဝီဝင်နိုင်ငံရေးအခြေအနေအရ၊ ဘူမိရူပထူးခြားတည်ရှိမှုတို့အရ သဘာဝအ ရင်းအမြစ်များပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကာ မြောက်ဘက်ရေခဲတောင်များမှစ၍ တောင်ဘက် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါကျွန်းစု ဂေဟစနစ်အထိ နေရာဒေသအသီးသီးတွင် ဂေဟစနစ်မျိုးစုံကိုပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရန်၊ တောရိုင်းတိရစ္ဆာန်နှင့် ထင်ရှားသည့် ဘူမိရူပ...

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် (၃)နိုင်ငံ ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်

အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးတို့ကို သက်ဆိုင်ရာပြည်တွင်းဥပဒေများနှင့်အညီ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန် ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီး ဌာန၊ လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi ဦး ဆောင်သောအဆင့်မြင့်အရာရှိကြီးများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071