Friday, April 17, 2026

ဩဇီက ဘရူနိုင်း နဲ့ စာချုပ်...

ဩစတြေးလျသည် လောင်စာဆီအကျပ်အတည်းကြောင့် လယ်သမားများ အကျပ်အတည်း ကြုံတွေ့နေရချိန်တွင် လယ်သမားများထံ ဓာတ်မြေသြဇာ ပိုမိုရရှိစေမည့် အာရှအိမ်နီးချင်း ဘရူနိုင်းနှင့် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဝန်ကြီးချုပ်...

ရေနံပြတ်လပ်မှုအတွက် ဆယ်ဘီလျံဒေါ်လာထောက်ပံ့မည်–ဆနားအဲ

ဂျပန်အစိုးရသည် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း ရေနံစိမ်းထွက်ကုန်များ ဂျပန်နိုင်ငံသို့ ဆက်လက်စီး ဆင်းနေစေရန် ရည်ရွယ်ချက်ဖြင့် ရေနံစိမ်းဝယ်ယူမှုလောက်င ဖူလုံစေရန်အတွက် အခြားအာရှနိုင်ငံများသို့ စုစုပေါင်း ဒေါ်လာ...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ နှစ်သစ်ကူးစုပေါင်းကုသိုလ်များအတွက် တရားနာယူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှဦးဆောင် ၍ ယနေ့ ဧပြီ ၁၇ ရက်မြန်မာနှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းက နှစ်သစ်ကူးစုပေါင်းကုသိုလ်ပြုလုပ်ခဲ့မှုများအ တွက် တရားတော်များနာယူခဲ့ကြသည်။ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံလှဘုန်းတော်ကြီးကျောင်းတွင်ကျင်းပသည့် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၏ ပဌာန်းပိတ်သိမ်းအောင်ပွဲတွင်...

လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မိဘပြည်သူများအားလုံးက နိုင်ငံတော်ငြိမ်းချမ်းသာယာရေးကို အလေး...

နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးမှ ယနေ့ ဧပြီ ၁၇ ရက်တွင်ကျရောက်သည့် မြန်မာနှစ်သစ်ကူး(နှစ်ဆန်းတစ်ရက်နေ့)က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံတော်ကြီးသည် ပြည်သူများ...
HomeMoviesပြည်သူ့ဝန်ထမ်း ငါးသိန်း ခန့်အပ်မည်--ဝန်ကြီးချုပ်တာရစ်ခ်

ပြည်သူ့ဝန်ထမ်း ငါးသိန်း ခန့်အပ်မည်–ဝန်ကြီးချုပ်တာရစ်ခ်

ပြည်သူ့အုပ်ချုပ်ရေး ဝန်ကြီးဌာနနှင့် လက်အောက်ခံ ဌာနများနှင့် အေဂျင်စီများတွင် လစ်လပ်နေသော ရာထူးနေရာများအတွက် လူပေါင်း ၂,၈၇၉ ဦးကို ခေါ်ယူထားကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ခ်ရာမန်က ပြောသည်။

ဝန်ကြီးချုပ် တာရစ်ခ်ရာမန် က အစိုးရ၀န်ထမ်း ၅၀၀,၀၀၀ အထိ ကို ခေါ်ယူရန် ဆုံးဖြတ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

၁၃ ကြိမ်မြောက် လွှတ်တော်၏ ပထမအကြိမ် အမေးအဖြေအစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ဝန်ကြီးချုပ်က ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

Pabna-2 လွှတ်တော်အမတ် Md Shamsur Rahman Simul Biswas ၏မေးခွန်းအတွက် ဝန်ကြီးချုပ်က လူပေါင်း ၂,၈၇၉ ဦးကို ခန့်ထားခြင်း သည် ပြည်သူ့အုပ်ချုပ်ရေးဝန်ကြီးဌာနနှင့် ၎င်း၏လက် အောက်ခံဌာနများနှင့် အေဂျင်စီများတွင် လစ်လပ်နေ သောရာထူးများ၌ ခန့်ထားခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစိုးရ၏ ရွေးကောက်ပွဲကြေငြာစာတမ်းတွင် ကြေညာ ထားသည့် လှုပ်ရှားမှုများ ကိုအကောင်အထည် ဖော်ရန် အတွက် ရက်ပေါင်း 180 အစီအစဉ်နှင့်အညီ ဝန်ကြီးဌာန များနှင့် တိုင်းအသီးသီးမှ လုပ်ငန်းအစီအမံများ ပြင်ဆင် ထားကြောင်း လွှတ်တော်အမတ်က အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

အဆိုပါ အစီအစဥ်များကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသော တိုးတက်မှုရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်ဟုသိရသည်။။

Ref ဒါကာထရီဗြွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဩဇီက ဘရူနိုင်း နဲ့ စာချုပ် ချုပ်ဆို

ဩစတြေးလျသည် လောင်စာဆီအကျပ်အတည်းကြောင့် လယ်သမားများ အကျပ်အတည်း ကြုံတွေ့နေရချိန်တွင် လယ်သမားများထံ ဓာတ်မြေသြဇာ ပိုမိုရရှိစေမည့် အာရှအိမ်နီးချင်း ဘရူနိုင်းနှင့် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘန်နိစ် သည် အာရှခရီးစဉ်အတွင်း ၎င်း၏ ဒုတိယမြောက် ရပ်နားသော နိုင်ငံဖြစ်သည့် ဘရူနိုင်း နိုင်ငံ၌ စွမ်းအင်နှင့် စားနပ်ရိက္ခာ ဖူလုံရေး ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်း စာချုပ်က ဘရူနိုင်းမှ ဩစတြေးလျသို့ ဓာတ်မြေသြဇာများကို ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သြစတြေးလျသည် ၎င်း၏ဓာတ်မြေသြဇာ ၁၁ ရာခိုင်နှုန်းနှင့် အရှေ့တောင်အာရှနိုင်ငံငယ်လေးမှ...

ရေနံပြတ်လပ်မှုအတွက် ဆယ်ဘီလျံဒေါ်လာထောက်ပံ့မည်–ဆနားအဲ

ဂျပန်အစိုးရသည် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း ရေနံစိမ်းထွက်ကုန်များ ဂျပန်နိုင်ငံသို့ ဆက်လက်စီး ဆင်းနေစေရန် ရည်ရွယ်ချက်ဖြင့် ရေနံစိမ်းဝယ်ယူမှုလောက်င ဖူလုံစေရန်အတွက် အခြားအာရှနိုင်ငံများသို့ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလျံထောက်ပံ့ကူညီမည်ဖြစ်သည်။ ဝန်ကြီးချုပ် ဆနားအဲ တာကအိချိက အရှေ့တောင် အာရှနိုင်ငံများအသင်းမှ အဓိကလုပ်ဖော်ကိုင်ဖက်များနှင့် ဗုဒ္ဓဟူးနေ့ က အွန်လိုင်းတွေ့ဆုံမှုအပြီးတွင် ထုတ်ပြန်ခဲ့သည့် အဆိုပါအကူအညီသည် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်း ဝယ်ယူရန် ချေးငွေများအပြင် သိုလှောင်မှုတိုးချဲ့ခြင်း ကဲ့သို့သော ဒေသတွင်းရှိ စွမ်းအင်ထောက်ပံ့ရေးကွင်း ဆက်များကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ "ဂျပန်သည် ထောက်ပံ့ရေးကွင်းဆက်များမှတစ်ဆင့် အာရှနိုင်ငံတစ်ခုစီနှင့် နီးကပ်စွာချိတ်ဆက်နေပြီး...

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ နှစ်သစ်ကူးစုပေါင်းကုသိုလ်များအတွက် တရားနာယူ

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှဦးဆောင် ၍ ယနေ့ ဧပြီ ၁၇ ရက်မြန်မာနှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းက နှစ်သစ်ကူးစုပေါင်းကုသိုလ်ပြုလုပ်ခဲ့မှုများအ တွက် တရားတော်များနာယူခဲ့ကြသည်။ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံလှဘုန်းတော်ကြီးကျောင်းတွင်ကျင်းပသည့် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၏ ပဌာန်းပိတ်သိမ်းအောင်ပွဲတွင် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော ကံလှသိမ်တော်ကြီးအသစ်ဆောက်လုပ် လှူဒါန်းမှု၊ ပဉ္စလောဟာကြေးသွန်းဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးလှူဒါန်းပူဇော်မှု၊ ဓမ္မရောင်ခြည်စံကျောင်းတော်အားပြန်လည်မွမ်းမံဆောက်လုပ်လှူဒါန်းမှု၊ ရွှေကံပွင့်ဆု တောင်းပြည့်စေတီတော်တည်ထားပူဇော်မှုတို့ကို စု ပေါင်းကုသိုလ်ပြုလှူဒါန်းခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် ဘုရားစေတီကျောင်းပုရဝုဏ်ပတ်လည် တံတိုင်းလိုအပ်လျက်ရှိသော(၄၉၁ ပေ)အား စုပေါင်းတည် ဆောက်လှူဒါန်းမှု၊ စေတီပျက်နေရာသာသနာ့မြေအား စက်ယန္တရားတို့နှင့်ရှင်းလင်းဖေါ်ဆောင်ပေးမှုတို့ကိုလည်း မြန်မာ-တရုတ်ချစ်ကြည်ရေးက စုပေါင်းကု သိုလ်ပြုလှူဒါန်းခဲ့ကြပြီးဖြစ်သည်။ ထိုသို့ စုပေါင်းကုသိုလ်ပြုလှူဒါန်းခဲ့မှုများအတွက် ကံလှဆရာတော်က အနုမောဒနာတရားချီးမြှင့်ပြီး နိုင်ငံတော်နှင့် ပြည်သူအပေါင်းတို့အတွက် နှစ်သစ်ကူးမေတ္တာပို့ဆုမွန်ကောင်းတရားချီးမြှင့်တော်မူခဲ့သည်။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှဦးဆောင် ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071