Sunday, May 24, 2026

ဖိလစ်ပိုင်မှာ ကိုးထပ်တိုက်ပြိုကျ၊ လူဒါဇင်နှင့်ချီ၍ ပိတ်မိနေ

ဖိလစ်ပိုင်မြို့တော် မြောက်ဘက်ရှိ အန်ဂျလိစ်စီးတီးတွင် ဆောက်လုပ်ဆဲ ကိုးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ ၃၀ မှ ၄၀ ဝန်းကျင်ခန့် ပိတ်မိနေသည်ဟု စိုးရိမ်ရကြောင်း...

တရုတ်၏ ရှန်ကျိုး-၂၃ အာကာသမစ်ရှင်တွင် အာကာသယာဉ်မှူး...

တရုတ်နိုင်ငံသည် ၎င်း၏ Tiangong အာကာသစခန်းသို့ ရှန်ကျိုး-၂၃ (Shenzhou-23) အာကာသမစ်ရှင်ဖြင့် အာကာသယာဉ်မှူး ၃ ဦးကို တနင်္ဂနွေနေ့တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်းများ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်း များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊...

ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး) တက်ရောက်ခွင့်ရသူများစာရင်းထုတ်ပြန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှပြုလုပ်သည့် မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အားတက်ရောက်ခွင့်ရသူများအမည်စာရင်းကိုအသိပေးထုတ်ပြန်ခဲ့သည်။ အဆိုပါ အကယ်ဒမီ၌တက်ရောက်ခွင့်ရရန် လူရွေးချယ်ပွဲများကို ရန်ကုန်ဇုန်နှင့် မန္တလေးဇုန်တို့အဖြစ်ပြုလုပ်ခဲ့ပြီးနောက် ယူ-၁၂ နှင့် ယူ-၁၃...
HomeNewsLocal Newsပြည်ပဝင်ငွေတိုးစေမည့် Myanmar Agri...

ပြည်ပဝင်ငွေတိုးစေမည့် Myanmar Agri Foods Co., Ltd အေးခဲဟင်းသီးဟင်းရွက်ထုတ်လုပ်မှုလုပ်ငန်းအား နိုင်ငံတော်သမ္မတ ကြည့်ရှု

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာရှိ Myanmar Agri Foods Co., Ltd ၏ အေးခဲဟင်းသီးဟင်းရွက် ထုတ်လုပ်တင်ပို့နေမှုလုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည် ကန်ထရိုက်လယ်ယာစိုက်ခင်းများမှ ရရှိသည့် ကုန်ကြမ်းများကို ၉၉ ရာခိုင်နှုန်းအထိ အသုံးပြု၍ ရုံးပတီသီး၊ ဟင်းနုနွယ်၊ ဘိုစားပဲ၊ သရက်သီးနှင့် ပဲမျိုးစုံအပါအဝင် ဟင်းသီးဟင်းရွက်မျိုးစုံကို အေးခဲထုတ်ကုန်အဖြစ် ထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် အခြေခံလူတန်းစားများ၏ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရေး ဆောင်ရွက်ပေးနိုင်မှု၊ ကုန်ကြမ်းသီးနှံများကို ဒေသတွင်းမှ အဓိကရယူအသုံးပြုနေမှု၊ ထုတ်ကုန်အသစ်များ ဖန်တီးထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များနှင့် လက်ရှိဈေးကွက်အခြေအနေများအပြင် အာရှနှင့် ဥရောပဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေး အစီအစဉ်များကို ၎င်း သွင်းကုန်အစာထိုးစားသောက်ကုန်များကိုလဲ စတင်ထုတ်လုပ်လျက်ရှိမူအား တင်ပြခဲ့ကြောင်းသိရှိရပါသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက နိုင်ငံ့စီးပွားရေးအတွက် အကျိုးပြုသည့်လုပ်ငန်းဖြစ်သဖြင့် လက်ရှိရရှိထားသည့် ဈေးကွက်များကို အခြေခံကာ ထုတ်လုပ်မှုနှင့် တင်ပို့မှုများ တိုးချဲ့ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် Green House စနစ်ဖြင့် ဟင်းသီးဟင်းရွက်များကို ရာသီမရွေး စိုက်ပျိုးထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်ပါက ကုန်ကြမ်းသီးနှံများ ပိုမိုရရှိနိုင်မည်ဖြစ်ပြီး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ပိုမိုတင်ပို့ရောင်းချနိုင်သဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ကုန်ကြမ်းမှ စ၍ သုံးစွဲသူလက်ဝယ်သို့ ရောက်ရှိသည်အထိ ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ကို စနစ်တကျ စီမံတွက်ချက်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများကို အကျိုးရှိစွာ အသုံးချနိုင်ရေး အလေးထားဆောင်ရွက်ရန်လည်း အကြံပြုခဲ့သည်။

နိုင်ငံတော်သမ္မတသည် စက်ရုံအတွင်း အေးခဲဟင်းသီးဟင်းရွက်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်မှာ ကိုးထပ်တိုက်ပြိုကျ၊ လူဒါဇင်နှင့်ချီ၍ ပိတ်မိနေ

ဖိလစ်ပိုင်မြို့တော် မြောက်ဘက်ရှိ အန်ဂျလိစ်စီးတီးတွင် ဆောက်လုပ်ဆဲ ကိုးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး လူ ၃၀ မှ ၄၀ ဝန်းကျင်ခန့် ပိတ်မိနေသည်ဟု စိုးရိမ်ရကြောင်း မြို့ တော်အရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အနီးတစ်ဝိုက်ရှိ လူ ရှစ်ဦးကို ကယ်တင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဖိုမင် အပါအဝင် အခြား ၁၁ ဦးသည် အဆောက်အအုံတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း အိန်ဂျလိစ်စီးတီး ပြန်ကြားရေးအရာရှိ ဂျေးပီလာယိုက DZBB ရေဒီယိုကို ပြောကြားခဲ့သည်။ လုပ်ငန်းခွင် ဖိုမင် ထံမှ ရရှိသော အချက်အလက်များအရ လူ...

တရုတ်၏ ရှန်ကျိုး-၂၃ အာကာသမစ်ရှင်တွင် အာကာသယာဉ်မှူး ၃ ဦး စေလွှတ်မည်

တရုတ်နိုင်ငံသည် ၎င်း၏ Tiangong အာကာသစခန်းသို့ ရှန်ကျိုး-၂၃ (Shenzhou-23) အာကာသမစ်ရှင်ဖြင့် အာကာသယာဉ်မှူး ၃ ဦးကို တနင်္ဂနွေနေ့တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းမစ်ရှင်သည် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသစီမံကိန်းတွင် စံချိန်တင်ကာလရှည်ကြာမည့် မစ်ရှင်တစ်ခုဖြစ်လာနိုင်ပြီး အာကာသအတွင်း လူသားဇီဝကမ္မဗေဒဆိုင်ရာ ရေရှည်လေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်။ Shenzhou-23 အာကာသယာဉ်ကို တရုတ်အနောက်မြောက်ပိုင်း ဂျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F Y23 ဒုံးပျံဖြင့် ည ၁၁ နာရီ ၈ မိနစ်တွင် လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းမစ်ရှင်တွင်...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်းများ၏ ပထမအကြိမ်တွေ့ဆုံပွဲ မုံရွာမြို့တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ကျောင်းသားဟောင်း များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို မေ ၂၃ ရက် ညနေပိုင်းက မုံရွာမြို့ မဟာလယ်တီကျောင်းတိုက်၊ မင်းကတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဦးဆောင်ကျင်းပသူ ဦးဥဇ္ဇောတကက “စည်းလုံးညီညွတ်ခြင်း၏ မှတ်တိုင်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီ” ဟု မိန့်ကြားခဲ့သည်။ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဦးဥဇ္ဇောတကက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားခဲ့သည်။ ထို့နောက် ကျောင်းသားဟောင်းမထေရ်ကြီး ဘဒ္ဒန္တခေမိန္ဒ (ဓမ္မပါရဂူ) က အဖွင့်ဩဝါဒကထာ မိန့်ကြားခဲ့ပြီး ကျောင်းသားဟောင်းဆရာတော်များက တစ်ပါးချင်း မိတ်ဆက်လျှောက်ထားခဲ့ကြသည်။ ဆက်လက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071